As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Wednesday, April 29, 2009

25 Years Old Destination

ကျွန်မ အသက်..၂၅ နှစ်..
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ သမား ကို ယုံကြည် ကိုးကွယ် တတ်လာပါပြီ
သံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်သော နိဗ္ဗာန်ရောက်ကြောင်း အလုပ်ကို ပိုလုပ်တတ်လာပြီး ပစ္စုပ္ပန် မှာရော သံသရာ တစ်လျှောက်လုံးတွင် ပေးဆပ်နိုင်သော Giver တစ်ယောက် ဖြစ်ရပါ လို၏။
တာဝန် အပြည့် ယူနိုင်သော သူ ဖြစ်ရပါလို၏။
မိဘ ကျေးဇူးကို အကျေပြွန်ဆုံး ပေးဆပ်နိုင်ပြီး မိဘ နှင့် ဆရာ သမား အားလုံး ကို စိတ်ချမ်းသာ စွာ ပြုစုခွင့် ရသော သူ တစ်ယောက် ဖြစ်ရပါလို၏၊
သူငယ်ချင်း များ အပေါ်တွင်လည်း သူငယ်ချင်း ကောင်း တစ်ယောက် ပီသ သော သူဖြစ်ရပါလို၏၊
တစ်ဦးတည်းသော မောင်လေး ကိုလည်း..အစ်မ တစ်ယောက်ပီပီ ရှေ့ဆောင်လမ်းပြ ကြယ်တစ်ပွင့် အဖြစ် မားမားရပ်တည် အားပေး ကူညီ နိုင်သော သူ ဖြစ်ရပါလို၏။
ချစ်သူ အပေါ်တွင်လည်း အကောင်းဆုံး ဘ၀ လက်တွဲ အဖော်မွန်ကောင်း တစ်ယောက် အဖြစ် ဘ၀ ကို ရဲရဲ ၀င့်ဝင့် အခက်ခဲ မှန်သမျှ ရင်ဆိုင် ဖြေရှင်းပေးနိုင်သော သူ ဖြစ်ရပါလို၏။
တိုင်းပြည် နှင့် လူမျိုး အကျိုး ဘာသာ။ သာသနာ အကျိုး ကိုသယ်ပိုး နိုင်ရသော သူဖြစ်ရပါလို၏။

ဤသည်ကား..ကျွန်မ ရင်ထဲ ကိန်းကောင်း..ရှင်သန်...ရည်သန်နေသော..စိတ်ကူး ဆုတောင်း အမှန်ဖြစ်ပါသည်..ဤသစ္စာ စကားမှန်ကန်ပါက....ဆန္ဒအားလုံး ပြည့်ဝ အသုံးချရပါလို၏။

No comments:

Post a Comment

Thanks for ur Attention!