"ဒုတိယလူ"တဲ့ နာမည်ဆန်းသလောက် သူ့နှလုံးသားက စုတ်ပြတ်သတ်ပြီး အစိတ်စိတ် အမွှာမွှာကွဲနေတာ ကို ဘယ်သူမှ မသိဘူး....
... ချစ်တဲ့သူရဲ့ အနားမှာရှိပြီး ချစ်တဲ့သူရဲ့ အနီးဆုံကို မရောက်နိုင်တဲ့ နှလုံးသားက လောင်ကျွမ်းနေတာ ကြာပါပြီ....
...ချစ်တဲ့သူကို နားလည်ပေးရင်း နှလုံးသားရဲ့တောင်ဆိုမှုတွေကို လျစ်လျူရှုတတ်နေပါပြီ.....
...နောင်တစ်ချိန်မှာ တစ်ပါးသူလက်ထဲ ရောက်မယ့် ချစ်တဲ့သူကို ငေးကြည့်ရင်း စို့လာတဲ့မျက်ရည်တွေကို ချစ်တဲ့သူလည်း မမြင်နိုင်ခဲ့ပါဘူး..
...သူများတွေကတော့ ပြောကြတယ်." ချစ်တဲ့သူနဲ့ ချစ်ခွင့်မရပေမယ့် သူ့အနားမှာ ဒုတိယလူအဖြစ် နေခွင့်ရတာ ကံကောင်းပါသေးတယ်" တဲ့...
....ဒါပေမဲ့ ချစ်တဲ့သူက သူ့အချစ်ဆုံး အကြောင်းပြောတိုင်း
သူစိတ်ချမ်းသာအောင် သူ့မျက်နှာလေးကို စိုက်ကြည့် ပြုံးပြုံးလေး
နားထောင်ပေး ၊ ချစ်သူအချင်းချင်း အဆင်ပြေအောင် အကြံတွေပေးပြီး
ကွယ်ရာရောက်မှ တစ်ညလုံးမအိပ်ဘဲ ငိုနေရတာမျိုးကြတော့
ဘယ်လိုလုပ်ကြမလဲ............
...တစ်ခါတစ်လေမှာ နှလုံးသားအလိုအရ ချစ်သူကိုပိုင်ဆိုင်ဖို့
ကြိုးစားနေပေမဲ့ သူရဲ့ စာနာစိတ်လေးကတော့ ချစ်တဲ့သူတို့ ချစ်သူအချင်းချင်း
အဆင်ပြေအောင် ဆုတောင်းနေမိတတ်သေးတယ်...
...ချစ်တဲ့သူရဲ့ အနီးနားမှာ ရောက်နေရင်းကလဲ အဝေးဆုံးကို သွားသင့်သူက ကိုကိုယ်တိုင်ပဲ ဆိုပြီး နောင်တရတတ်သေးတယ်...
....အဝေးဆုံးကို ရှောင်ခွာနေရင်းကလဲ ချစ်တဲ့သူ အဆင်များပြေပါ့မလား ဆိုပြီး အနီးဆုံးမှာ နေချင်ပြန်သေးတယ်...
...ချစ်တဲ့သူက ရယ်စရာစကားလေးတွေနဲ့ စနောက်တော့လည်း သူကပျော်ရွင်ကြည်နူး
နေတတ်ပေမဲ့ မကြာခင်မှာ ဒီစကားတွေက သူ့အတွက် မဟုတ်နိုင်တော့တာကိုလည်း
တွေးပြီး စိတ်မောနေရပြန်တယ်...
...အခုတော့လည်း ဒုတိယလူက သူ့ဘ၀လေးမှာ နေသားတကျ ရှိလာပါပြီ...
...ဘာပဲဖြစ်ဖြစ်လေ.... အဆုံးသတ်မှာတော့ သူက အဝေးကိုရှောင်ခွာပေးရမဲ့သူပဲ....
..သူရဲ့ ကံမကောင်းလှတဲ့ချစ်ခြင်းအတွက် သူဘာများ တတ်နိုင်ပါဦးမလဲ နော်.....
No comments:
Post a Comment
Thanks for ur Attention!