As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Wednesday, May 26, 2010

ခွင့်လွတ်ခြင်း

"ခွင့်လွှတ်ခြင်းဆိုတာ - Forgiveness"





■ကိုယ်ကိုယ်တိုင်က ခွင့်လွှတ်ခြင်းကို တကယ်မကျင့်သုံးနိုင်ဘဲနဲ့ ခွင့်လွှတ်ခြင်းကို ပြောနေမယ်ဆိုရင် ပါးစပ်ပြောသက်သက်ဖြစ်တော့မှာ။

■အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေမယ်။





■အဲ့ဒီလို လူကို (hypocrite) ခေါ်တယ်။



■ကိစ္စတစ်ခု ပြသနာတစ်ခု ဖြစ်ရတာဟာ ကိုယ့်ဘက်ကမှားတာလည်းပါမယ်။ သူ့ဘက်က မှားတာလည်း ပါမှာပါ။

■အဲ့ဒါကို မျှမျှတတ ပြန်သုံးသပ်ဖို့ လိုတယ်။



■ခွင့်လွှတ်ခြင်းဆိုတာ မှန်ကန်တဲ့အမြင် မှန်ကန်တဲ့အသိမှာ အခြေခံမှ ဖြစ်နိုင်တယ်။





■ပြီးတော့ သူတစ်ပါးကိုချည်း ခွင့်လွှတ်ရုံနဲ့ မရသေးဘူး။ မပြည့်စုံသေးဘူး။

■မိမိကိုယ်ကိုပါ ခွင့်လွှတ်နိုင်မှ ပြည့်စုံတယ်။ အဲ့ဒါ အင်မတန်အရေးကြီးပါတယ်။ အင်မတန်လေးနက်ပါတယ်။

■ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လို့ ကိုယ့်ကိုယ်ကို ပြန်ပြီး ဒဏ်ခတ်နေရသူတွေ အများကြီးရှိတယ်။







"ချစ်တဲ့သူတွေဆီက ရတဲ့ဒဏ်ရာ"









■ကိုယ်နဲ့ ခင်မင်နေတဲ့သူ၊ ရင်းနှီးနေတဲ့သူကပဲ ကိုယ့်ကို အများဆုံးဒုက္ခပေးနိုင်တာနော်။

■ကိုယ့်ကိုတခါမှ မမြင်ဖူးတဲ့သူ တစ်ခါမှ မကြားဖူးတဲ့သူက ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုတာမျိုးဟာ ဘယ်နှစ်ခါ ကြုံဖူးသလဲ။ အင်မတန်ရှားပါတယ်။

■အဲ့ဒီလူတွေကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့လိုတယ်။



■ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်တဲ့သူတွေ၊ ကိုယ်ဆင်းရဲအောင် လုပ်တဲ့သူတွေ -

၁) မိဘ







၂) မောင်နှမ



၃) ချွေးမ၊၊ သားမက်၊ ယောက်မ၊ ယောက်ဖ



၎) ဆွေမျိုးသားချင်း



၅) ခင်ပွန်း၊ ဇနီး



၆) ဘိုးဘွား



၇) သူငယ်ချင်း



၈) လုပ်ဖော်ကိုင်ဘက်



၉) လမ်းသွားလမ်းလာ



၁၀) ကိုယ်တိုင်





■အဲဒီလိုလူတွေအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့လိုတယ်။





"မိဘချီးမွန်းတာလေးကိုရဖို့"





■မိဘတွေကြောင့် စိတ်ဆင်းရဲရတယ်ဆိုတာ ဘာကြောင့်လဲ။

၁) မိဘတွေရဲ့ ချစ်ခင်မှု၊ အသိအမှတ်ပြုမှု၊ လက်ခံမှုကို ကိုယ်က သိပ်တန်ဖိုးထားတယ်။ အင်မတန်လိုချင်တယ်။ အင်မတန်မျှော်လင့်တယ်။







၂) မိဘရဲ့အသိအမှတ်ပြုမှု။ တန်ဘိုးထားမှုကို လိုချင်တယ်။



၃) ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေ၊ အတွင်းအကျဆုံး အကြောင်းအရာတွေကို သူတို့ကို ပြောပြခဲ့တယ်။



၎) ကိုယ့်ဘ၀ကို မျှပေးခဲ့တဲ့သူတွေ ဖြစ်တယ်။ ကိုယ့်ဘ၀မှာ တွေ့ခဲ့ရတာတွေ၊ ကြုံခဲ့ရတာတွေ၊ ကိုယ်စဉ်းစားတာတွေ၊ တွေးတာတွေ၊ ခံစားရတာတွေ၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေ၊



၅) ပြီးတော့ ကိုယ့်အကြောင်း အကောင်းအဆိုးအားလုံးကို သူတို့သိတယ်။



■ဒါကြောင့် သူတို့က ကိုယ့်ကို ပြင်းပြင်းထန်ထန် အပြစ်တင်ရင် နာအောင်ပြောရင် ပိုပြီးတော့ခံစားရပါတယ်။

■ချစ်တဲ့သူက နာအောင်ပြောရင် ပိုနာတယ်။





■ဒီထက်ပိုတာကတော့ သူတို့က ကိုယ့ိကို နာအောင်ပြောလိမ့်မယ်၊ လုပ်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ဘူး။

■အဲ့ဒီလို မမျှော်လင့်တာက ပိုပြီး ယုံကျူံးမရ ဖြစ်ရတယ်။







"ဒါတွေကြောင့် စိတ်နာတယ်"





■သူ့အကြောင်း ဘေးမှာ မကောင်းပြောတယ်၊ အတင်းပြောတယ်၊





တစ်ချို့ ပါးစပ်နဲ့ မပြောဘူး။ စာနဲ့ရေးပြီး စာစောင်တွေ မဂ္ဂဇင်းတွေထဲမှာ ထည့်တယ်။

■ဒီလိုလုပ်တော့ ပြောတဲ့သူ ရေးတဲ့သူမှာ ဂုဏ်သိက္ခာ တက်မလာပါဘူး။ သူ့ဂုဏ်ကို နိမ့်၊ ကိုယ့်ဂုဏ် နိမ့်၏။



■ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရအောင် လုပ်မိတာတွေထဲမှာ -

၁) Disappointment - ကိုယ်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကို မျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ။







၂) Rejection - ကိုယ့်ကိုနေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊



ကိုယ့်စကားကို လေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမှာ မဖိတ်ပဲ မေ့ထားလိုက်တာ။



၃) Abandonment - စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ။



၎) Ridicule - လှောင်တာ၊ ပြောင်တာ၊ သရော်တာ။



၅) Humiliation - ဂုဏ်သိက္ခာ ကျသွားအောင် ပြောတာ၊ အထင်သေးသွားအောင် ပြောတာ၊ ရှက်သွားအောင်ပြေတာ။



လူတစ်ယောက်ကို ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ ကိစ္စမှာ ဂုဏ်သိက္ခာ ကျသွားအောင် ပြောဆိုတာလည်း ပါတာပဲနော်။







၆) Betrayal - သစ္စာဖောက်တာ။



ယုံလို့ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ။



တစ်ယောက်ကို တစ်ယောက် စောင့်စည်းရမှာကို မစောင့်စည်းဘူး။



၇) Deception - လှည့်စားတာ။ လှည့်တယ်၊ ပတ်တယ်၊ လိမ်တယ်၊ ညာတယ်၊ ပရိယာယ် အမျိုးမျိုးသုံးတယ်။



၈) Abuse –







Physical Abuse - ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ။



Emotional Abuse - စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံးတယ်။ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသဖြင့်။

■Abuse damage our self-esteem. ခံရတဲ့သူဟာ ငါဟာ တန်ဘိုးရှိတဲ့သူ၊ ငါဟာ လေးစားထိုက်တဲ့သူဆိုတဲ့ ကိုယ့် ပျက်စီးသွားတယ်။ ထိခိုက်သွားတယ်။





ကိုယ့်ကိုယ်ကို အထင်သေးသွားတယ်။







"ခွင့်လွှတ်တယ်ဆိုတာ"







■Forgiveness is not forgetting

■ခွင့်လွှတ်တယ်ဆိုတာ မေ့လိုက်တာ မဟုတ်ဘူး။





We cannot forget nor should we.

မေ့လို့မရပါဘူး။ မေ့ဖို့လည်း မသင့်ဘူး။



■ဒီတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေဟာ၊ ဒီအတွေ့အကြုံတွေနဲ့ ပတ်သက်တဲ့ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှုတွေ အားလုံးဟာ ကိုယ့်အတွက် အင်မတန်ကြီးမားတဲ့ သင်ခန်းစာယူစရာတွေ ဖြစ်ပါတယ်။

■ကိုယ့်ကို သူများက အဲ့ဒီလို လုပ်ခဲ့တုန်းက ကိုယ်ဘယ်လောက် ခံစားရတယ်ဆိုတာကို သိပြီးတော့ ကိုယ်လည်းပဲ အဲဒီလို ထပ်မခံရအောင်၊ ကိုယ်ချင်းစာပြီး သူများကိုလည်းပဲ “ငါ သူများကို အဲဒီလိုမလုပ်ဘူး” ဆိုတဲ့ စိတ်ထားကို မွေးရမယ်။







■ဥာဏ်ပညာ နည်းတဲ့သူ၊ သဘောထားသေးတဲ့သူဟာ သူများအကြောင်း မကောင်းပြောရတာ၊ သူများကို တစ်နည်းနည်းနဲ့ နိုင်ရတာကို အရသာတွေ့တယ်။

■ဥာဏ်ပညာ ကြီးတဲ့သူ၊ သဘောထားကြီးတဲ့သူဟာ အနိုင် အရှုံးမရှိတာကိုပဲ နှစ်သက်တယ်။



■အမှန်တရားအတိုင်း ရိုးရိုးသားသား တိတိကျကျ လက်ခံနိုင်မှသာ သူ့ကို နားလည်ပြီးတော့ ကျော်လွန်နိုင်တယ်။ လွန်မြောက်သွားနိုင်တယ်။





မရမက စိတ်ဖြေတဲ့လူဟာ ဘယ်လောက်စိတ်ဖြေဖြေ တ၀ဲလည်လည်ပဲ နေပါတယ်။



■ခွင့်လွှတ်တယ်ဆိုတာ အင်မတန်မြင့်မြတ်တဲ့ ကိစ္စဖြစ်ပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ မလွယ်ပါဘူး။

■ခွင့်လွှတ်ခြင်းဆိုတဲ့ ကိစ္စဟာ ဘ၀မှာ အင်မတန်အခြေခံကျတဲ့ ကိစ္စ ဖြစ်တယ်။

■ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း ကျက်လွယ်တယ်။

■စိတ်နေသဘောထား မြင့်မားလာတယ်။









"ခွင့်လွှတ်တယ်ဆိုတာ အရှူံးပေးခြင်း မဟုတ်"









■ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူတာလည်း မဟုတ်ဘူး။

■အရှူံးပေးတာလည်း မဟုတ်ဘူး။

■အထက်စီးက နေတာလည်း မဟုတ်ဘူး။

■အောက်ကျို့တာလည်း မဟုတ်ဘူး။





■ခွင့်လွှတ်လိုက်တာဟာ မှားတာကို မှန်ပါတယ်လို့ လုပ်လိုက်တာ မဟုတ်ဘူး။

■ကိုယ်ထိခိုက်သွားတာဟာ အရေးမကြီးပါဘူးလို့ ပြောတာ မဟုတ်ဘူး။

■ခွင့်လွှတ်တယ်ဆိုတာ လျှော့တွက်တာ မဟုတ်ဘူးဆိုတာ မဟုတ်ဘူးလို့ နားလည်ဖို့ လိုတယ်။











■ခွင့်လွှတ်လိုက်တာဟာ -



■ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ ဒုက္ခ၊ ကိုယ့်နှလုံး ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြဉ်းမှု၊ ပူဆွေးမှု၊ သောက၊ ဒေါမနဿ၊ မခံချင်စိတ်၊ လက်စားချေချင်စိတ်တွေ ကို သက်သာမှု ရအောင် လုပ်လိုက်တာပါ။

■အတိတ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ ခံစားချက်တွေရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ပေါ် အကျိုးသက်ရောက်မှုကို လျှော့လိုက်တာပဲ။





■ကိုယ့်စိတ်ကို အနှောင်အဖွဲ့က လွှတ်လိုက်တာပါ။

■ကိုယ့်စိတ်ကို ကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။

■ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပါ။





■ကိုယ့်ကိုယ်ကို ချစ်လွန်းလို့ အားလုံးကို ခွင့်လွှတ်ပါတယ်။

■ကိုယ့်စိတ်ထဲမျာ နာကြည်းနေတာကိုပဲ ပျောက်အောင်လုပ်တာ။







"ခွင့်လွှတ်တယ်ဆိုတာ အနစ်နာခံခြင်း မဟုတ်"





■Forgiveness is not a form of self- sacrifice.





ခွင့်လွှတ်တယ်ဆိုတာ အနစ်နာခံခြင်း တစ်မျိုး မဟုတ်ဘူး။



■Forgiveness cannot be forced.

ခွင့်လွှတ်တယ်ဆိုတာ အတင်းအကျပ် ခွင့်လွှတ်ခိုင်းလို့ မရဘူး။



ကိုယ့်ကိုယ်ကိုလည်း အတင်းအကျပ် ခွင့်လွှတ်ခိုင်းလို့ မရဘူး။



သူများကိုလည်း အတင်းအကျပ်ခွင့်လွှတ်ခိုင်းလို့ မရဘူး။ တောင်းဆိုလို့ မရဘူး။







■ကိုယ့်စိတ်ကို သေသေချာချာကြည့်ပါ။

■ခွင့်မလွှတ်နိုင်တဲ့အတွက် ကိုယ့်မှာ ဘယ်လောက် ထိခိုက်မှု၊ နစ်နာမှု၊ ဆုံးရှူံးမှုတွေ ဖြစ်နေသလဲ။





"လွတ်လပ်အောင် လုပ်တာ"









Forgiveness is freeing up.

ခွင့်လွှတ်တယ်ဆိုတာ လွတ်လပ်အောင် လုပ်လိုက်တာပါပဲ။



■နာကြဉ်းနေရတာ၊ စိတ်ဆိုးနေရတာ၊ အနာဟောင်းလေးကို ပြန်ပြီးတော့ အနာသစ်ဖြစ်အောင် အနာဖေးခွာနေရတာဟာ ကိုယ့်ရဲ့ စိတ်ဓါတ်အင်အားတွေ၊ ခန္ဓာကိုယ်အင်အားတွေ၊ အချိန်တွေ ကုန်မယ့်အစား အဲဒီအချိန်နဲ့ အင်အားတွေကို ပစ္စုပ္ပန်မှာလည်း အကျိုးများအောင် အနာဂတ်မှာလည်း အကျိုးများအောင် ကောင်းတဲ့ ကိစ္စတွေကို လုပ်ရင်းနဲ့ အသုံးချချင်တယ်။







■It is a feeling of wellness, and freedom and acceptance.





ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ နေလို့ ကောင်းတဲ့ခံစားမှုကို ဖြစ်စေတယ်။



ခွင့်လွှတ်နိုင်ရင် နေလို့ကောင်းတယ်။ လွတ်လပ်သွားတယ်။ လက်ခံနိုင်သွားတယ်။



ဖြစ်ခဲ့တဲ့ကိစ္စကို လက်ခံနိုင်သွားတယ်။







"ခွင့်လွှတ်ခြင်းဟာ စွမ်းအား"





■ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓါတ်ရော အသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။







အသိဥာဏ်နဲတဲ့သူက ကိုယ့်ဘ၀မှာ သူ့ကြောင့် ငါ့မှာ ဒီလိုဖြစ်ရပါတယ်ဆိုပြီးတော့ တစ်စုံတစ်ယောက်ကို အပြစ်ပုံချတယ်။



■ခွင့်လွှတ်တယ်ဆိုတာက ကိုယ့်ဘ၀မှာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တာ၊ လိုချင်တာတွေ ရသင့်တာတွေ မရခဲ့တာကို အကြောင်းပြချက်အနေဲ့ သူ့ကို အပြစ်တင်နေဖို့ မလိုတော့ဘူး လို့ သိလိုက်တာပဲ။







"ကိုယ့်ထောင်တံခါး ကိုယ်ဖွင့်ပါ"









ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး ဆိုပြီး ကိုယ့်ထောင်တံခါးကို ကိုယ်ဖွင့်လိုက်တာပဲ။



■ကျန်းမာချင်ရင် စိတ်ကောင်းမွေးပါ၊ စိတ်အေးချမ်းအောင် သတိနဲ့ နေတဲ့အကျင့် လုပ်ပါ။



■ခွင့်လွှတ်နိုင်သွားရင် Depression သိသိသာသာ သက်သာသွားတယ်။

■အာရုံစိုက်နိုင်တယ်။ သူ့စိတ်ကို ပေးနိုင်တယ်၊ သူ့စိတ်ထဲမှာ နေရာပေးတယ်။







"ငါ မဟုတ်တဲ့ စိတ်"









■မကျေနပ်တဲ့အတွေးလေးဟာ ဒေါသစိတ်ကလေးပါ။ "ငါ" မဟုတ်ဘူး။







■"ပယ်ဖို့ထက် သိဖို့" ပိုအရေးကြီးတယ်။





■ဒေါသကို ပယ်နိုင်ဖို့ထက်၊ ခွင့်မလွှတ်နိုင်တဲ့ စိတ်ကို ပယ်နိုင်ဖို့ထက် ဒီ ဒေါသစိတ်၊ ခွင့်မလွှတ်နိုင်တဲ့စိတ်ဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး။

■ဝေဒနာအနတ္တ အနေနဲ့ ကြည့်တတ်ဖို့ လိုတယ်။





"ခွင့်လွှတ်နေဖို့ မလိုတော့တဲ့စိတ်"





■အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။











■မီးခဲကိုင်မိလို့ ပူမှန်းသိရင် မပူချင်ရင် လွှတ်ချလိုက်ပါ။







"ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့"





■ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့ မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ၀န်ခံဖို့လိုတယ်

■သင်ခန်းစာလည်း ယူဖို့လိုတယ်။





■ပြီးရင် ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်လိုက်မယ်။

■ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။

■နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်စေချင်တော့ဘူး။









"ခွင့်လွှတ်ပါ"









■ကိုယ့်ကိုယ်ကိုလည်း သူက ခွင့်လွှတ်တယ်၊

■သူ့ကိုလည်း ကိုယ်က ခွင့်လွှတ်လိုက်တဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးဆက်ဆံရေးဟာ ပိုပြီးပြေပြေလည်လည် ဖြစ်လာတယ်။ တော်တော်ကို လှိုက်လှဲမှု ရှိလာတယ်။





■ကိုယ့်မိသားစုဖြစ်စေ၊ မိတ်ဆွေ အပေါင်းအသင်းဖြစ်စေ၊ လုပ်ဖော်ကိုင်ဘက်ဖြစ်စေ ပြောလို့ ဖြစ်နိုင်တဲ့သူဆိုရင် တစ်ဦးကို တစ်ဦး အပြန်အလှန် ခွင့်လွှတ်နိုင်အောင် ပြေပြေလည်လည်ပြောပါ။

■ရိုးရိုးသားသား ပြောပါ။





■စိတ်ရှည်ဖို့တော့ လိုတယ်။

■တစ်ခါ ဆွေးနွေးလို့ မပြေလည်တာနဲ့ စိတ်မပျက်ပါနဲ့။

DON'T SAY U LOVE ME!

I'VE SEEN THIS PLACE A THOUSAND TIMES!
I'VE FELT THIS ALL BEFORE! AND EVERY TIME ALL BEFORE!
AND EVERY TIME YOU CALL!
I'VE WAITED THERE AS THOUGH YOU!
MIGHT NOT CALL AT ALL! I KNOW THIS FACE I'M
WEARING NOW I'VE SEEN THIS!
IN MY EYES AND THOUGH IT!
FEEL SO GREAT!  I AM STILL AFRAID!
THAT YOU'LL BE LEAVING ANY TIME!
WE HAVE DONE THIS  ONCE AND THAN!
YOU CLOSED THE DOOR DON'T LET ME!
FALL AGAIN FOR NOTHING MORE!
[DON'T SAY U LOVE ME UNLESS FOREVER!
DON'T TELL ME U NEED ME!
IF YOU'RE NOT GONNA STAY
DON'T GIVE ME THIS FEELING!
I ONLY BELIEVE IT MAKE IT REAL!
OR TAKE IT AWAY I'VE CAUGHT MYSELF!
SMILING ALONG JUST THINKING!
OF YOUR VOICE AND DREAMING!
YOU KNOW I DON'T IS ALL TOO MUCH!
YOU KNOW, I DON'T HAVE ANY CHOICE!]

Monday, May 24, 2010

ကောက်ရိုးလေးတစ်မျှင် မပြတ်သရွေ့

“မြန်မာပြည်သားဟေ့ မြန်မာပြည်သား၊ မြန်မာပြည်သားဟေ့ မြန်မာပြည်သား”




မြန်မာပြည်ကို ဒီတစ်ခေါက်ပြန်ရောက်တော့ ရုပ်မြင်သံကြားမှ လာနေသော မြန်မာပြည်သား ဆိုသည့် သီချင်းကို ကြည့်မိသည်။ ရှေးခေတ် မင်းမျိုးမင်းနွယ်တွေခေတ် အ၀တ်အစားများနှင့် မင်းညီမင်းသားစစ်သည်တော်များ တိုက်ရေး ခိုက်ရေး ဟန်ပြနေကြသော ပုံစံဖြင့် သီချင်းကို ဖွဲ့သီထားသည်။ ထိုအချိန်ထိုကာလက မြန်မာလူမျိုးများသည် အဘယ်မျှ ဂုဏ်ယူဝံ့ကြွားခဲ့သည် မသိပေမယ့် ခုအချိန်မှာတော့ မြန်မာဆိုတဲ့ စကားလုံးဟာ ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံးနိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှု အခံရဆုံးနိုင်ငံ၊ စားဝတ်နေရေးအကျပ်တည်းဆုံး နိုင်ငံ စသည်တို့၏ နောက်ကွယ်တွင် မြန်မာနိုင်ငံသားများ၏ မျက်လုံးများသည် တချိန် ရွှေရောင်လွှမ်းခဲ့စဉ်ကလို အရောင်တလက်လက် မဖြစ်နေနိုင်တော့ဘဲ ညှိုးငယ်နွမ်းလျလို့ နေပေပြီ။



ဒီတစ်ခေါက် မြန်မာပြည်ပြန်ရန်အတွက် သံရုံးတွင် ပတ်စ်ပိုစ့် သက်တမ်းတိုးရင်း အခွန်ပါ ပေးဆောင်ရန် သွားသောအခါ စင်္ကာပူသို့ ရောက်စမှ ယခုအချိန်အထိ အခွန်ဆောင်ထားသော ပြေစာများကို အကုန်ပြရန်တောင်းသည်။ ယခင်ကတည်းက သေချာ သိမ်းဆည်းထားရန် မှာထားခြင်းမဟုတ်သည့်အတွက် ပျောက်သွားတာတွေလည်း ရှိသလို ဟောင်းနွမ်းပြီး ဖတ်မရတော့သော ပြေစာများလည်း ရှိလေသည်။ ထို့အတွက်ကြောင့် သံရုံးဝန်ထမ်းများကို အခွန်ဆောင်ပြီးသားဖြစ်ပေမယ့် ပြေစာများ ပျောက်ဆုံးသွားသဖြင့် မပေးရသေးသော လများအတွက်သာ အခွန်ကို ပေးပါမည်ဟု ပြောသောအခါ တာဝန်ရှိသူများက ပျောက်ဆုံးသွားသော လများအတွက်ပါ နောက်တစ်ခေါက်ပေးရန် ပြောလာပါသည်။ နောက်ဆုံး ဘယ်လိုမှ ညှိမရတဲ့အဆုံး သူများနိုင်ငံတွင် ပင်ပန်းဆင်းရဲစွာ ရှာဖွေထားရသော စင်္ကာပူဒေါ်လာ ၂၅၀၀ ခန့် ပေးလိုက်ရပါသည်။ မတတ်နိုင်၊ မြန်မာနိုင်ငံသား ဖြစ်ရခြင်းအတွက် ကျွန်တော်ပေးဆပ်လိုက်ရတာ ငွေကြေးမျှသာ ဖြစ်ပြီး မြန်မာပြည်သူပြည်သားများမှာ သူတို့၏ ဘ၀များစွာကို ပေးဆပ်နေရပါသည်ဟု စိတ်ကို ဖြေရသည်။ ဒါပေမယ့် ဒီတစ်ခေါက် ပတ်စ်ပိုစ့်သက်တမ်းပြည့်လျှင်တော့ နိုင်ငံသား ပြောင်းလဲတော့မည်ဟု ဆုံးဖြတ်ချက်တစ်ခုကို ချမိလေသည်။



အဲဒီလိုဆုံးဖြတ်ပြီးတဲ့ ညမှာ အိပ်မက်ဆိုးတစ်ခုမက်သည်။

ကျွန်တော်က စင်္ကာပူနိုင်ငံသားဖြစ်နေပြီး မြန်မာနိုင်ငံက အလွန်ခေတ်မှီတိုးတက်သောကြောင့် မြန်မာနိုင်ငံသားအဖြစ် ပြောင်းလိုက်သည့်အတွက် နိုင်ငံသားခန့်အပ်ခြင်း အခမ်းအနားတွင်ဖြစ်သည်။ စိတ်ထဲတွင် အလွန် ပျော်ရွှင်ကြည်နူးခြင်း ပြည့်နှက်စွာဖြင့် “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ”ဟူသော မြန်မာနိုင်ငံတော် သီချင်းကို သီဆိုရန် အဆင်သင့် ဖြစ်နေသည်။ “ကျွန်ုပ်တို့သည် အမိမြန်မာနိုင်ငံနှင့် လူမျိုးများအပေါ် သစ္စာစောင့်သိပါမည်” စသည်ဖြင့် သစ္စာအဓိဓာန်လေးချက်ကို သီဆိုရန်ဟန်ပြင်နေသည်။ ကျေနပ်မှု ကြည်နူးမှုက ရင်ထဲမှာ အပြည့်။ ထို့နောက်အခမ်းအနားစသောအခါ



“We, the citizens of Singapore,

pledge ourselves as one united people,

regardless of race, language or religion,

to build a democratic society

based on justice and equality

so as to achieve happiness, prosperity and

progress for our nation.” ဟု ရေရွတ်ရသည်။



ကျွန်တော် အလွန်အံ့သြသွားသည့်အတွက် အခမ်းအနားခေါင်းစီးကို ကြည့်တော့ ကျွန်တော်မျက်လုံးမမှားပါ။ “မြန်မာနိုင်ငံသားခန့်အပ်ခြင်း အထိမ်းအမှတ် အခမ်းအနား”တဲ့။ အဲဒီနောက်မှာတော့ နိုင်ငံတော် သီချင်းကို ဆိုရသောအခါ ကျွန်တော့်ဘေးရှိ လူအားလုံးက ညာဖက်လက်ကို ဘယ်ဖက်ရင်အုံကို ကပ်လို့ အားလုံးသံပြိုင်ဆိုကြရသည်။



“Mari kita rakyat Singapura

Sama-sama menuju bahagia

Cita-cita kita yang mulia

Berjaya Singapura” ဟု ကျွန်တော့်နှုတ်က လိုက်ဆိုနေပေမယ့် ဘယ်ဖက်ရင်အုံက တဒုန်းဒုန်းခုန်နေသည်။ ဘယ်လိုဖြစ်လို့ စင်္ကာပူနိုင်ငံတော်သီချင်း ဖြစ်နေသည်မသိ။ ရင်ထဲမှာ ထိုးပြီးအောင့်လာသည်နှင့်အမျှ စို့နင့် ကြေကွဲလာကာ မျက်လုံးမှ မျက်ရည်ပူများလှိမ့်ဆင်းလာသည်။ ထို့နောက် သီချင်းကို ဆက်ဆိုရသည်။



“Marilah kita bersatu

Dengan semangat yang baru

Semua kita berseru

Majulah Singapura

Majulah Singapura” သီချင်းအပြီးမှာ လူက မူးကနဲ မိုက်ကနဲ ဖြစ်သွားသည်။ လဲကျသွားသည်လား၊ ပြန်ထလာသည်လား မမှတ်မိတော့။ အိပ်မက်ကနေ လန့်နိုးတော့ လူက ရင်တွေ တဆတ်ဆတ်တုန်နေပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမိသည်။ နိုင်ငံသားမပြောင်းတော့ပါဟု။



ဒီနိုင်ငံမှာပဲ ကျောင်းပြီးလို့ ဒီနိုင်ငံမှာ အလုပ်လုပ်ခဲ့သည်မှာ ၁၀နှစ်ပြည့်ပြီ ဖြစ်ပေမယ့် ယခုအချိန်အထိ မြန်မာနိုင်ငံအပေါ်ထားသော မျှော်လင့်ချက်များက ကျွန်တော့်ရင်ထဲမှာ အပြည့်ပင်ဖြစ်သည်။ နိုင်ငံရေးသမား ယောင်ယောင်၊ လူမှုရေးသမားယောင်ယောင် သူငယ်ချင်းတစ်ယောက်ကတော့ သူဘယ်တော့မှ တခြား နိုင်ငံသားပြောင်းမည် မဟုတ်ကြောင်းကို ဒီလိုပြောပြသည်။ “တချို့က ရေကြည်ရာ မြက်နုရာကို ပြောင်းတယ်လို့ ပြောကြရအောင် လူဆိုတာ မြက်စားတဲ့ နွားမှ မဟုတ်ပဲကွ၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို သစ္စာစောင့်သိရတယ်၊ တောက် . . အသားထဲက လောက်ထွက်တဲ့ အဖြစ်မျိုးကွာ”ဟု ကြိတ်မနိုင်ခဲမရ ပြော၏။ ထိုသူငယ်ချင်းမှာ Spass ဖြင့် အလုပ်လုပ်နေသူဖြစ်ပြီး ဟိုတလောက PR လျှောက်၍ မကျသောကြောင့် စင်္ကာပူကို မျက်မုန်းကျိုးနေသူ ဖြစ်သည်။



နောက်တစ်ညမှာတော့ အိပ်မက်ထဲမှာ စင်္ကာပူနိုင်ငံသားခံယူသွားသူ သူငယ်ချင်းတစ်ယောက်နှင့် အကြီးအကျယ် စကားများနေသည်။



“မင်းက မြန်မာနိုင်ငံသားဖြစ်ရတာကို အဲဒီလောက် ဂုဏ်ယူနေတယ်ဆိုတော့ မင်းက မြန်မာဘယ်လောက်စစ်လို့လဲ” ဟု သူက မေးလာပါသည်။



“ငါ့အဖေက မန္တလေးဖက်က ငါ့အမေအမျိုးတွေက မော်လမြိုင်ဖက်က၊ အဲဒါမှ မြန်မာမစစ်ရင် ဘယ်သူစစ်မလဲ” ဟု မခံချင်စိတ်နှင့် ပြောလိုက်ပေမယ့် အမှန်မှာ အဖေရဲ့ အဖေ ကျွန်တော့်အဖိုးမှာ တရုတ်ပြည်မကြီးမှ ဆင်းလာသော တရုတ်အစစ်ကြီးဖြစ်ပါသည်။



“ငါ့အဖိုးရော အဖွားရောရဲ့ ဘိုးဘေးတွေက ဘုရင့်နောင်ရဲ့ အမှုတော်ထမ်းခဲ့တဲ့ မြန်မာအစစ်ကွ၊ ခေတ်မကောင်းလို့ နိုင်ငံသားပြောင်းလိုက်တယ်ဆိုပေမယ့် ငါ့ကိုယ်ထဲမှာ စီးဆင်းလည်ပတ်နေတဲ့ သွေးတွေက မြန်မာသွေးစစ်စစ်တွေပဲ” ဟု သူငယ်ချင်းက ထပ်ပြောပြီး သူ့သွေးကို ဖောက်ပြသောအခါ သွေးတွေမှာ မြန်မာဆိုသော စာတမ်းလေးတွေ ပါလာသည်။



ကျွန်တော်လည်း အားကျမခံ မင်းသွေးထက်ငါ့သွေးက နီတယ်ဆိုပြီး ကျွန်တော့် ဗိုက်ကို ဖောက်ပြတော့ မနက်က စားထားသော Nasi Lemak, နေ့လည်က စားထားသော Hokkein Mee နှင့် ညစာ စားထားသော Kway Chap အစရှိသဖြင့် စင်္ကာပူအစားအစာများ ထွက်ကျလာသည်။



အိပ်မက်မှ နှိုးတော့ လူက အီလည်လည်ကြီးဖြစ်လို့နေသည်။ ဟင်း . . . ။



စင်္ကာပူနိုင်ငံမှာ အိမ်ဝယ်မယ်ဆိုရင် စင်္ကာပူနိုင်ငံသားများအတွက် အိမ်ကို အသစ်ဝယ်ခွင့်ရှိမှာဖြစ်ပြီး စင်္ကာပူအစိုးရမှ စင်္ကာပူဒေါ်လာ သုံးသောင်းခန့် ထုတ်ပေးကာ အတိုးနှုန်း အလွန်သက်သာသော HDB Loan ခေါ် Housing Loanကို ရရှိကြပါသည်။ ယနေ့ထိ မြန်မာနိုင်ငံအစိုးရကို ကျွန်တော်ထမ်းဆောင်ထားသော အခွန်မှာ စင်္ကာပူဒေါ်လာ တစ်သောင်းခန့် ရှိပြီဖြစ်သောကြောင့် အိမ်အတွက် သုံးသောင်း အခွန်က တစ်သောင်းပေါင်းသောအခါ ကျွန်တော်မြန်မာနိုင်ငံသားဖြစ်ခြင်းအတွက် ဒေါ်လာလေးသောင်းခန့် ပေးဆပ်ထားခဲ့ပြီး ဖြစ်ကြောင့် ထိတ်လန့်စွာသိလိုက်ရသည်။ မြန်မာနိုင်ငံသားဖြစ်ခြင်းအတွက် ပြန်လည်ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကတော့ မြန်မာသံရုံးသို့ အခွန်ဆောင်ရန်သွားသော အခါ အခွန်ထမ်းဆောင်ခွင့်ပြုပါရန်လေးစားစွာ ပန်ကြားအပ်ပါသည် ဆိုသော ခခယယ တောင်းပန်ထားသော ဖောင်တစ်ခုကို ဖြည့်ခြင်းဖြင့် လည်းကောင်း၊ သံရုံးဝန်ထမ်းများ၏ အရယ်အပြုံးမရှိသော သူ့လုပ်စာ စားနေရသော မျက်နှာများကို လည်းကောင်း၊ မြန်မာပြည်သို့ ပြန်သောအခါ လေဆိပ်မှာ ငါ့ကို ဘာများရစ်လေမလဲဆိုသည့် စိုးရိမ်ပူပန်ရခြင်းကို လည်းကောင်း၊ အီးမေးလ်တစ်စောင်ပို့ရန် ၁၀မိနစ်ခန့်ကြာသော အင်တာနက်အမြန်နှုန်းကိုလည်းကောင်း၊ ရန်ကုန်မြို့လား ရွာငယ်ဇနပုပ်လား ထင်မှားရလောက်အောင် မီးဘယ်တော့မှ မလာသော အိမ်ငယ်လေးကို လည်းကောင်း၊ အမြဲကြုံတွေ့နေရပါသည်။ ဒါတွေအားလုံးဟာ မြန်မာနိုင်ငံသားဖြစ်ရခြင်း၏ အကျိုးကျေးဇူးများပင်။ ယခုအချိန်အထိတော့ ခေါင်းမာမာနှင့်ပင် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးကြီးကြီးပေးဆပ်နေပါသေးသည်။



“၂၀၀၇ စက်တင်ဘာတော်လှန်ရေးမှာ ဘုန်းကြီးပြည်သူတွေကို သတ်ဖြတ်တဲ့သူတွေကို ဘာအခွန်မှ ပေးဆောင်စရာမလိုဘူး” ဆိုပြီး နိုင်ငံသားပြောင်းလဲ ခံယူသွားတဲ့ သူငယ်ချင်းတစ်ယောက်က ပြောသည်။ ထို့နောက် သူကပဲ ဆက်ပြီးပြောပြန်သည်။ “ဒီအစိုးရ သက်ဆိုးရှည်အောင် မင်းတို့ အခွန်တွေပေးနေတာ၊ တစ်လတစ်လ မင်းတို့ဆီက ရတဲ့ပိုက်ဆံတွေနဲ့ အစိုးရက စစ်လက်နက်တွေ ၀ယ်နေတာ၊ အဲဒီအခွန်ပေးမယ့် ပိုက်ဆံတွေကို မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ လူတွေကို လှူဒါန်းလိုက်ရင် ဘယ်လောက် အကျိုးရှိလိုက်မလဲ” ဆိုပြီး အဲဒီသူငယ်ချင်းက ဘီယာလေးတမျှမျှသောက်ရင်း ပြောလေသည်။ ဟိုတလောက ဖတ်လိုက်တဲ့ သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်းမှာတော့ နိုင်ငံသားပြောင်းသွားသူတွေနှင့် အင်တာဗျူးများ၊ နိုင်ငံသား ပြောင်းသင့် မပြောင်းသင့်ဆိုသော ဆွေးနွေးချက်များကို အကျိုးရှိစွာ ဖတ်လိုက်ရပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်စွာဆုံးဖြတ်ခွင့် မိမိကြမ္မာကို မိမိကိုယ်တိုင် ရေးဆွဲခွင့် ရှိခြင်းများကိုသာ တွေ့လိုက်ရသည်။



ကိုမင်းခေါင်၏ ရေစီးကြောင်းသံယောဇဉ်ဆိုသော သီချင်းတွင်တော့ ပတ္တမြားကျောက်စီဓား ဆွဲကိုင်ခုတ်လည်း မပြတ်နိုင်ဘူး ဆိုပေမယ့် မသေချာမရေရာလှသော နိုင်ငံ၏ မှုန်ဝါးဝါး အနာဂါတ် အရောင်မှိန်မီးညွှန့်လေးများ၊ သံရုံးခွန်ဆိုသော ဓား၊ သံရုံးမှ လူများ၏ မာရေကျောရေ ဆက်ဆံမှု လက်နက်များနှင့် ဆွဲကိုင်ခုတ်ခြင်းကြောင့် နိုင်ငံချစ်စိတ်ဆိုတဲ့ သံယောဇဉ်ကြိုးများစွာကတော့ ဖြတ်တောက်ခြင်း ခံခဲ့ကြရပါပြီ။ နိုင်ငံသား ပြောင်းခြင်းမပြောင်းခြင်းနှင့် ပတ်သတ်သည်မပတ်သတ်သည်ကို ကျွန်တော်မသိ။ ပဲပြုတ်နှင့် နံပြား စားနေရတာနှင့် မြန်မာတစ်ယောက်ဖြစ်ရခြင်းကို ပီတိဖြစ်မိပါသည်။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ မစားသော လက်ဖက်စားရခြင်းနှင့်ပင် မြန်မာတစ်ယောက်ဖြစ်ရခြင်းကို ဂုဏ်ယူနေမိပါသည်။ ဘုရားပုထိုးများနဲ့ ရွှေရောင်လွမ်းတဲ့ ရွှေပြည်တော်ကို လှမ်းမျှော်လိုက်တိုင်း ဗီဇာယူပြီး ရက်အကန့်အသတ်ဖြင့် ပြန်စရာမလိုသော မြန်မာတစ်ယောက်ဖြစ်ရခြင်းကို ကျေနပ်မိပါသည်။ ငါဟာမြန်မာနိုင်ငံသားလေ ငါတို့နိုင်ငံဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာတွေနဲ့ ဆိုပြီး အားရပါးရပြောနိုင်သော မြန်မာတစ်ယောက်ဖြစ်ရခြင်းကို ပျော်ရွှင်နေမိပါသည်။ ကြိုးတကာ့ကြိုးတွင် သံယောဇဉ်ကြိုးသည် အခိုင်မြဲဆုံးဖြစ်သည်ဆိုလျှင် ကျွန်တော်၏ နိုင်ငံသားမပြောင်းခြင်းကြိုးသည် ကောက်ရိုးလေး တစ်မျှင်စာမျှ ခိုင်ခံ့နေပါသေးသည်။ ထိုကောက်ရိုးလေး တစ်မျှင် မပြတ်တောက်သရွေ့တော့ . . . . .။





ဇင်ကိုလတ်

Sunday, May 23, 2010

မိဘဂုဏ်(၁၂)ပါး

မိဘဂုဏ်(၁၂)ပါး




ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။





မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။



၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။



၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။



၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။



၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။



၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။



၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။



၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။



၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။



၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။



၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။



၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။



၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။



မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော

စာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွား

ရိပ်သာ သို့ပို့ထားကြသည်။ အချို့ သော သားသမီးများက မိဘတို့ကို

စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင်

ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး

လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ



၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.



၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍

သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း

ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။



၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော

ပုဗ္ပဒေဝတာ ဖြစ် သည်။



၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။



၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။



၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။



၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။



၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။



၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင်

ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။



၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ

ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက်

၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ

ဟုခေါ်သည်။



စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သော

ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏

အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။ ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည်

ကောက်နှုတ် ဖော်ပြ ခြင်း ဖြစ်ပါသည်။

Saturday, May 22, 2010

Time is God!, Time is Money!

24 hours per day, 60 minutes per hour, 60 second per minute! Each of second is God & Money! But it is well useful to be manage duing this limitation.

Thursday, May 20, 2010

Vegestatian Lives On

Grace Start Change Living Style as Vegestatian. Yesterday Night, One of DVD remind me to be it. Actually, i really satified of Vegestitive. According to condition i can't stand. Now the day on stard. It is cool, peace whole day. If u want to freefrom suffering the cycle of rebirth, don't wish anything eventhough of Naith Ban. Just keep mind in present to of Dana, Thila, Bawana [ 3 kinds].

Tuesday, May 18, 2010

Grace's Life

                          It is Start on 1.5.2007 at Yang Luck International Co; Ltd. Discussed with Ma Thaw who is My Close Friend but she is elder than My Mum. At night We sat the Second Name. She is really nice and acknowledge Lady. She can astrology the Name can make beauty & Lucky Life. That is why, We choose "Grace". Actually, I Like Green Colour, that is why wish name Start with "G". Mr Sharma start call me "Grace". It is Start from the time on "Grace" What i want of  Life!,
                          Second is Malaysia' SAWIT RAYA LPD. There have only one Myanmar, first of all, she call me Myanmar name, after all can't call already Grace coze everybody use it. Now, This is Third.
                          LPJ Group of Service LPD. Here Only one of me as Myanmar. Ok, i really like it.

WOMAN NATURE OF AFFECT

COME TO NOTE WOMAN NATURE OF AFFECT START SUFFERNING. HOW SHOULD I DO. I HAVE TO MORE PRETICE MEDITATION. JUST IT. HOW MANY DAYS ALREADY I GO DEPRESSION AND KEEP MY MIND, WELCOME STRESS. MAKING BUSY. CHANING STYLE OF ROOM DECORATION. THAN, KEEP CLEAN WHOLE HOUSE. AFTER TIRED IS TIRED. NOT YET CAME DOWN OF MIND STILL UNSATIFIED. YESTERDAY, I COMMIT ENGLSIH WORD FROM COLOURFUL BURMA THAN WEND BED CAN'T SLEEP AGAIN ALSO UNTILL WHAT TIME ALREADY. COZE, I FOUND SNACK WITH 5 HEAD. I AFRAID UNSUBCONSICIENT MIND. KEEP IS AT NIGTHMARE.

Monday, May 17, 2010

Good Friend

A ~ Accepts You As You Are !

B ~ Believes In You !

C ~ Calls You Just To Say " HI" !

D ~ Doesn't Give Up On You !

E ~ Envision The Whole Of  You [ Even Unfinished Parts] !

F ~ Forgives Your Mistake !

G ~ Give Unconditionally !

H ~ Help You!

I ~ Invites You Over !

J ~ Just "Be" with You !

K ~ Keep You Close At Heart !

L ~ Love You For Who You Are !

M ~ Make a Different In You Life !

N ~ Never Judges !

O ~ Offers Support !

P ~ Picks You Up !

Q ~ Quiets You Fear !

R ~ Raises Your Spirits !

S ~ Says Nice Things About You !

T ~ Tell You The Truth When You Need To  Hear It !

U ~ Understand You !

V ~ Values You !

X ~ Explain Things You Don't Understand !

Y ~ Yells When You Won't Listening !

Z ~ Zaps You Back To Reality !


" Thanks You For Being Such A Good Friend "


 http://www.vn247.net/flash/abc--a-friend.swf

Reunion of Happy Family day! ~~~Missing Mum & Dad!

The day i got a lot missing my Mum and Dad czoe, last Sunday,was My Offday "Mum", So; Brother Kyaw sawar Lin' invited me to participate for picnic at Sentosa with his Eldest Sister' Family will go there, that is why i accept it, At sunday of Morning, After i pray Shrine and prepare to go there. As soon as when i arrived brother' house, Introduce to me with his Elderest' Sister who is peer age with Dad. when i heard of call voice "Tha'mee" from this Aunty. i was felt sorrow hold heartly miss and want to see you "Mum". This Myanmar call is so warmly & close miss and want to heard call from "Mum" i heard back ur voice again and after from My heart of Ears. wherever i arriving so far from u i wish to heard of u voice, it is getting energy @ alert and can face anything else the Life of struggle. whenever i face with so close & happinest family, However they Love each other & careful their Mum & Dad. I admired them at the time, i also wish want to be happy with "Mum" & "Dad" Ahun! i was tried control my Tear off from my heart feeling of Missing My Mum and Dad. i was gone remember the days of our happy life. I will try to be again and takecare full @ happiness Nawww. Mum, Plese Give a more time,Mum" your my Lovely Mum" i am trying my present time to the best. As clever as of ur Daughter never give up any situation of the world. By following the Buddha instruction. God will favour me. Mum; Dad & y.Bro. Be in good health & happy take carefull and freefrom of Suffering anymore Else! Hope The reunion of Our happy Family Day.

Friday, May 14, 2010

HONESTY IS THE BEST POLICY!

THAT IS MY DEAREST DADDY, WHENEVER HIS GUIDING ME WHEN WAS ON CHILDHOOD TO UNTILL NOW BE GROWNUP. WHATEVER TO DO, WHEREVER TO GO, WHENEVER TO KEEP. IT WILL BE BRITHT LIGHT MY PRESENT AND FUTURE OF CONSICENT. CLEAR CONSICENT CAN MAKE EASY ALL ELSE AND ALSO SONG SLEEP. THAT I REALLY APPRECIATE AND USING IT UNTILL NOW. " HONESTY IS THE BEST POLICY". THAT IS WHY I GOT GAIN REPEAT AND AFTER ENJOY THE RESULT WAY OF HONESTY LIFE.

Thursday, May 13, 2010

Be Free From Suffering the Cycle of Rebirth

That is what i want, be Free from Suffering the Cycle of Rebirth! Whatever i do, i buranch my mind this embition. How i spending my time daily, First pray to Buddha. Sec: listening Tayar Dama, 3th my communication job start. 1 day meet with not over 5 person. Special only 3 person, My colleage Sis, Vidha. Mr Ragaban. My Big Boss Jiva.
Sometime, Mayapan. and Angamuth eveing going back time greeting. Online commucation person is only my special friend, Mi Mi Toe. Than, i vist face book to my Malaysia friend, K.M.D old friend. See there Photo and their daily update of internet. In this way i feel warmly with them. when i use face i never loney. But sometime, Answer the phone with one of Brother. Who is My friend' living no far from my blk. We discuess about the world, Buddha, be healthy style, the situation and condition of Lawka.Whenever it was long take time than i was enjoy for it. Now i change my living style by studying and learning one of subject Chinese Language form internet website. Start the day on it reboom of my embition of life really satified my all of effort by busy daily work of spending time wisely. i heard again of My Teacher Word " Don't be idal" "Don't be idal" "Idal Brain make devil workshop" "Idal sprit to Evil Sprit".

Wednesday, May 12, 2010

Write Your Own History

A Person have to write who own history byself. Nobody can't draw. How to write My History. Just i follow up or Trying hard. What will be happen can't guess it. But will do the best. Don't want be silly of me!

Want Fly to So Far Country

If it is possible i will fly so so far country from here. It will be feel new build my life at there. See, Long time already of 3 years. But it is different religion that is why never though about him. But the fortune let untill now. How should i do, really i have to leave from here lor.For me Ok, i can go at there. How My Parents and My Brother. Did they let me go there or not. If they let me go there, Long time can't see them after when have be there. So pity than. How should i do. i have to do or not. It is really unsatified My Life style. If i meet with him how will be i don't know at this country. But i appreciate untill now he waitting me at there to come him. Oh! My God, What is My Life. How is My life. Accually i want to rise my life like those So Great country with my talent. i believe in i can stand at there, than will study some subject and try hard to imporve my life at there. Will Go there if i have chance. Also Good Heated. It is will fortune will favour me to be Good Partaner for my life. Who will be! i don't know, Who also don't know. Just make properly do the best in Present time. Be happy, Be Enjoy all else. Good Luck My love of Life.

Tuesday, May 11, 2010

What for Processes!

when reviewing point of In my the whole life, Don't have processes anything Apart From My Embition. That is Call Successful Life. But i don't processes of Valuable life. That is why i never been a Valuable person for all else. But They all satified me when i get successful life. i have to give back a day be valauable life of them. Utill now, i trying hard be succesful life than believe be Valuable life than i can manage in life. Love is not for process just be happy, i was Royal Girl. Coze, i never hope processes it. That is why i can easy give up but feed back suffering when was i know myself. Other wise, Don't really face with like this again, especially make sure and SMART LADY in My life of valuable. Successful be after Valuable life Build to will. It is Talent of My Power. Unsubconsious mind is will fail, but be SMART LADY. Now i am in 26 years old already. Nave 26 experiences of Years with colourful people. 26 years well training to me be brainy. It doesn't matter, if it is matter, i do. Please God favour me.

Characteristics to be a Giant Killer

Giant Killers Don’t Begin as Giant Killers
Giant Killer See the Potential REWARD if they Defeat the Giant.
Giant Killer Don’t Listen to Doubting Critics
Giant Killers are NOT overwhelmed by the Challenge
Giant Killers Build upon Past Successes.
Giant Killers convince others they will be Successful.
Giant Killer Don’t try to be someone else.
Giant Killer Face the Challenge with the bigger purpose in mind.
Giant Killers are Eager to Win!
Giant Killers Take Those around them to a Higher Level.

Don't Give Up

Grace! Don't give up ur life. Tryhard~ Tryhard. Everything will be ok. Don't think too much. All are gone and be happy. ur rigth! Now u need to do ur job. Continue and proper do ur aim. ur ambition will be reach soon. ur future will be brithger. ur briany girl mah. Ricky! thanks for ur words. i trying be updating my life. But i am vy simple and pure heart to everybody especially of my friend. which to be happy and smooths all their life. After they feel happy i will be happy. In this way i will full fill their wish my Parents and fields of friend what they want, what can i do for them. i don't favour my wish if possible as can. i keep my wish. i don't wanna wish. i have only ertamite aim is only One. " Be Free From Suffering Of the Cycle of Rebirth". Please God favour to me that only one. i don't wanna any more. I will be satified when it will answer my wish. i can forgive all if can answer this wish. I have to wide oud all of my wish. Grce! ur Mind don't have Wish. U give all ur mind to ur All of human being. Life is vy short. Time is so fast. Work is never end. Tomorrow is never come true. Wish is not for demostration. Present do is the best for My Other. Which will be Excellent be givefull all What they want from me. Otherwise, will be attention and take carefull for all of My else. Be Happy! Be Satified. Be Enjoy their Life.

Monday, May 10, 2010

Be my Life Partner

Devotee In Buddha! Good Looking and attractive. Dedicated and Hardworking. Diplomatic, Brainy and Clever. Dynamic and Active faithful friend and Lover. Suave and stylish. Active and visionary Thinker. Partner have to Understand everything also especially of Mind. Must be can read What?

Singapore Life

25/Feb/2010 3:00 PM I arriving time of Changi Air Port.
01/03/2010 8:00 AM LPJ Engineering & General Service LTD.
03/04/2010 7:45 PM [Sat] First meet with Myanmar Friend in Singapore.Ko Aung Naing Myo [KMD Shwe Phone Nyat].
18/04/2010 Myanmar Monastery First time when arriving in Abroad the time on.
06/05/2010 Self Studying Chinese Language.
23/05/2010  I get room made, really happy, who is nice also from Singapore, the day Ko Pyae Phyo Han called to me for house, to rental his friend. i glad and request to Mr Vicotr to rent and for her job also. I satisfied my life coze, i have good chance to help my friend, otherwise, happy also reunion with My K.M.D friends.
Otherwise, i got new Brothers. Ko Khing Min Soe and Ko Kyaw Swar Lin. They are so Good man and happy as Friend. They are real like as close friend even though just meet duing 1 month.
Benevolence for all else! i trying to be that, but some situation it can't do, I want to help every body but some people are not worth to help. i have to take care of this point.
Actually, My mind want to help, after i help will be hot to me.
I really pity Ma Lucy, i can't help u this time, coze, i can't face a gain ur Massey situation. coze, we are different character. Let me live alone. U do the best ur life. i already painful my life coze of you. I don't wanna face again. Why don't u living in unstable, i pity all of ur Partner. First of all, i admire u, now, i don't already to u.
28/05/2010 [Fri] Vesak Day! China Town [24A/B] Sago Street, Singapore 059020#  [Buddha Monastery]
Mr Victor invited, this Monastery, Meditation Center. I can join there as Dama Satt Kyar Group with Dama Friend. I can do as i like of Dama Time as possible all of My Time. i really will join at there. I was practice Meditation 1 hour already. it is my first time of Monastery. It is really cool and enjoy of this chance.
Royal Good Deep Buddha Dama. http://www.kumudra.org.sg/
03/06/2010 Goo Result,  i can do My job and Life of Friend. i will be valuable and successful Life!
12/06/2010 Will meet with K.M.D group of friend [Ko Aung Naing Myo, Ko Pyae Phyo Han, Ko Thin Htut, That Naying, Ma Wah Wah Win Shan]
Today evening also have to go Mr Vicotr invitation of Ceremony at China Town Monastery, Buddha temple.
At Night, 7-9:00 PM [Tita Gu Sayar Taw] Dama Talk will go and sermon at J.East [Informatics Hall]. App: with K.M.D Group of Friend andKo Kyaw Swar Lin.
Tha day Song Good Happy with My Friends.
15/06/2010 Early Morning i was wake up for Pray and Meditation. My Yesterday feeling not yet complet wide out of suffering. Early Morning, i got Message from Ko Kyaw Swar Lin. than i reply. and i pray and medation round about hour. after i prepare for luch and breakfast. I got Message again from Who? but i can't read my new message. it prepare to go office. after i read, Wahhhhhhh, Bro: Kyi Ko Khing Min Soe. How suprise, he never message me any morning, actually i want go and complan him, but i have no time to reply call him, so reply sms. it was all stand by to go office, i wating to call phone, and then, i go down stair, Out side, Heavy Raining. That i Missing all right. It is never rain like those with mixed feeling so, thought meaning ful of Heavy Dark Rain. My ferry came infrom of Blk. why don't i spress emotion. But really happy Today. 12:25 minutes, got called and taking off form Flight. So glad it is in relive. How pitty of life. I so pitty. So, Thought How can i help. What should i do. As possible as i will be in White Line. But don't feel more sufferning of any!
21/06/2010 [Mon] i already join Chinese Language Class at [ Sambawarn Monestry] 7:00 PM - 9:00 PM. [Mon- Tue]. That night, i got felt singapore life of busy & tired, not enough time meanwhile i satified than. i will catch Chinese Language.
02/07/2010 [Thu] City Hall.
09/06/2010 [WED] My Phyo Mi' Sister, Ma Ei start arrived in home.
20/07/2010 [Tue] Ma Mie went back day, i send her to Changi Air Port.
01/08/2010 [Sun] Ma Nyaning went back day!
01/08/2010 [Sun] My Happy Birthday! Answer the phone from Ko.Kyaw.S.Lin 12:30 AM To 2:30 AM. Disccuess and wish for TMW plan. Morning, i wake up 7:30 AM. Actually, i wish want to offer Alm Food to Buddha and keep 8 precents Day. At 9:30 AM. Ko.Kyaw.S.Lin called me to go Larbanda Mornestry. Larbanda Sayar' Birthday Celebration. That is why, he offer me to follow with them. And i wish to follow and sermon of sayardaw. So, i prepared for went out to wear the dress wished to be wear Myanmar Traditional dress. Fortunately, it is really make me to be smart lady. aWW..I already Lady pae. 27 Years already arrive.

Human Being of Commond

In the human being of Commond there have facing Colourful People of sufferning but never fail of renewable things. On growing up additional responsibility the life of Duty. Human has been already who have to live with dutyful person of being. That note be more stuggle can'bargain like market. That is Life shall i do what i want.

Sunday, May 9, 2010

နေ့စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်းသဘော ရှိသည်ဖြစ်၏။ အိုခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၂။ ငါသည် နာခြင်းသဘော ရှိသည်ဖြစ်၏။ နာခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၃။ ငါသည် သေခြင်းသဘော ရှိသည်ဖြစ်၏။ သေခြင်း သဘောတရားကို မလွန်ဆန်နိုင်။
၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်း ဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

အနန္ဒမေတ္တာအသင်း
.

ဇွဲ

ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများရဲ့ အတ္ထုပ္ပတ္တိကို လေ့လာမယ်ဆိုရင် "ဇွဲ" မပါပဲ ဒိတ်ဒိတ်ကျဲဖြစ်လာသူ မရှိပါဘူး။ ကမ္ဘာကြီးရဲ့ ထပ်ဆုံးမှာ ရပ်ချင်ရင် ခန္တီ၊ မေတ္တာ၊ သစ္စာ သုံးဖော်ကို မပစ်ပယ် ပါနဲ့။ ဗေဒင်မေးစရာ မလိုပါဘူး၊ အောင်မြင်မည့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဖို့သာ လို့ရင်းပါ။

မေတ္တာတရား ရှေ့ထားလျက်
ဒေါ်ရွေဝါ
IFL (chinese)

အိုပယ်


@@ ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။

@@ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သောအခါ၊ အင်္ကျီ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ
ငါ့ ကိုမရွံပါနဲ့!
>> ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

@@ အပ်ကြောင်းထပ်မက ပြောဖူးခဲ့တဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
>> ငယ်ငယ်တုန်းက အိပ်ရာ ၀င်တိုင်း တစ်ထောင့် တစ်ည ပုံပြင်တွေ၊ ငါးရာငါးဆယ် နိပါတ်တော်တွေ၊ ဇတ်ကြီး ဆယ်ဘွဲ့
တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင် ငါချော့တိတ်ခဲ့တာတွေကို သတိရပေးပါ။

@@ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။
>> ငယ်ငယ်တုန်းက ချော့တလှည့် ခြောက်တလှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

@@ ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။
>> ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

@@ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။
>> လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

@@ တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနှင့်။
>> နားလည်ပေးပါ။ အားပေးပါ။

@@ အရင်တုန်းက လူ့ဘ၀ တက်လှမ်းအတွက် ငါလမ်းညွှန်ပေးခဲ့သလို။
>> အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။

@@ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။
@@ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။ ^^)


မိဘ ဘိုးဘွားများကို စောင့်ရှောက်ခွင့် ရပြီး ကျေနပ် နှစ်သိမ့် နိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလျက်။

Tuesday, May 4, 2010

တမ်းတခွင့်လေး

နင်ကပဲ ချစ်တတ်ခဲ့တာလား ………?
ငါကပဲချစ်စရာကောင်းခဲ့တာလား ……..?
ဖြေစရာမှ မလိုခဲ့ပဲချစ်သူရယ် …………
ရင်ခုန်သံတိုင်း နင်အပိုင်ရလို့
စိတ်ကူးတွေတိုင်း နင်စိုးမိုးခဲ့တယ်
……………
အသက်ရူတိုင်း ကိုယ်သင်းနံလေး
ငါသတိရလို့ပြန်လိုချင်တယ် ခဏခဏလေ
ငါ့ခြေလှမ်းတိုင်း နင့်အရိပ်ပါလို့
ငါအနာဂတ်လည်း နင့်နာမည်ထွက်တယ်
အရမ်းချစ်တယ် ငါ့ချစ်သူရယ်
ထားခဲ့မလား ? ကျန်ခဲ့မလား ?
မေ့သွားမလား ? လွမ်းနေမှာလား ?
အတွေးတွေနဲ့ သွေးပျက်ခဲ့တဲ့
ညတွေအကြောင်း နင်သိပါ့မလား
တယောက်ထဲရှိတိုင်းသတိရတတ်လို့
အလွမ်းသီချင်းတွေ နားမထောင်ရဲခဲ့တာကော
နင်သိပါ့မလား…………
အထီးကျန်နေသူတယောက်ရဲ့ ဘဝကိုရော

နင်သိပါ့မလား…………
မေးခွန်းတွေနဲ. ငါပျော်ပါတယ်
ကလေးတယောက်လို ပူဆာခွင့်သာရှိခဲ့ရင်
မျက်ရည်တွေသွင်သွင်ကျလို့
ငိုပြလိုက်ချင်တယ် …………
တမ်းတခွင့်လေးပေါ့ ~~~~!

One of My Present Poem ^^..,
Thanks u

.ဧပရယ် နွေအပူအောက်မှာ

.ဧပရယ် နွေအပူအောက်မှာ
တကယ်ကြေကြွေ ဆူလောက်အောင်
တစ်ယောက်လူမှာ ပူဝေစွာခံစား
ပြင်းထန်စွာ
ဲငြင်းဆန်သူရေ
နင်းကန်သွားတဲ့
မင်းနှလုံးသားမှာ
အမုန်းများ ရာနှုန်းတစ်ရာနဲ့
အရှုံးသမား ငါမပြုံးသာအောင်
စကားလုံးများ မာယာအထွေထွေနဲ့
အခါခါသုံးကာ လှည့်စား
နာကျင်ခြင်းတွေ ထားခဲ့ကာ
ကမ္ဘာအဝေး တစ်ခြမ်းကို
အသာပြေးလှမ်းသူ မေ
ပျော်ရှာနေလေပေါ့
လွမ်းဘ၀ ဘယ်မပြေ
လွမ်း တမြမြ
လွမ်းရ ဆယ်နွေ ၊ လွမ်းရ ဆယ်နေ ။

ဧပရယ်ဖူးဆိုတာ
မသွေ မြူးစရာ
အပျော်ပါတဲ့
မေ့အမြင်မှာတော့ အပျင်းပြေကစားစရာ
မောင်ရင့်မှာ တော့ အတွင်းကြေများသာ ။

ဧပရယ် နွေတစ်ရက်မှာ
US ကို သူထွက်ခွာသွားခဲ့
အပူခက်စွာ ဝေဒနာများကို
ချန်ခဲ့တဲ့မေရယ်
ကျန်ခဲံတဲ့ မောင်မှာလေ
စူးရှဒါဏ်ရာများစွာနဲ့
လွမ်းရခါခါ လွမ်းဘ၀နာဆဲလေ ။

ဧပရယ် သင်္ကြန်တစ်ခုမှာ
ပိတောက်ဝါတွေ မပွင့်ခဲ့ပါလေ
တစ်ယောက်မှာသာ အချစ်ရဲ့မီးတွေက
တညီးညီးတောက်လို့ဆူ
ပူတယ်လေ ဆယ်နေကဲ
တမ်းတနေ နွမ်းလျနေဆဲ
လွမ်းဘ၀က မပြေဆဲပါ ။

ဧပရယ်သင်္ကြန်ဟာ
အဖော်သဟာ ဘော်ဒါတွေနဲ့
ပျော်စရာပါပေါ့
အဖော်မဲ့လို့ မပျော်တဲံသူ
မောင်တစ်ယောက်သာ
သောကဝေဆဲ
မောလျနေဆဲ
အလွမ်းတွေရ လွမ်းဘ၀နဲ့
တမ်းတနေဆဲ
အလွမ်းတွေမပြီး
အလွမ်းနွေခရီးမှာ
တစ်ယောက် ထီးထီး
လျှောက်ပြီးရင်သာ
ဆက်လှမ်းနေဆဲ
ဧပရယ် နွေအပူအောက်မှာ့ ။ ။

ကဗျာတွေ ကို ချစ်တတ်လာခဲ့တဲ့ ကျွန်မ..ဒီကဗျာ လေးကို လက်ဆောင် ရတော့...သတိရ လွမ်းချင်းလေး တစ်ယောက်သော သူအတွက် တိုက်ဆိုင်မှာပဲ ဆိုပြီး သိမ်းထားမိချင်တာနဲ့..ကူးပြောင်းမှတ်တမ်းတင်အပ်ပါသည်။...

တားဆီးမရတဲ့အရာ


တားဆီးမရတဲ့အရာ

မပူပါနဲ့နေမင်းကြီးရယ်
နေပူရင်င့ါရင်တွေပူလို့ပါ

မသာပါနဲ့လမင်းရယ်

လသာရင်ငါ့မာနတွေ

ပျောက်ကုန်မှာစိုးလို့ပါ

မညိုပါနဲ့တိမ်တွေရယ်

တိမ်ညိုရင်ငါငိုချင်လို့ပါ

မရွာပါနဲ့မိုးရယ်

မိုးရွာရင်အတိတ်ကအရာတွေ

ပြန်သတိရမှာစိုးလို့ပါ

ဒါပင်မဲ့.........

နေကိုမပူပါနဲ့

လကိုမသာပါနဲ့

ိတိမ်ကိုမညိုပါနဲ့

မိုးကိုမရွာပါနဲ့တားလို့ရခဲ့ရင်တောင်

ငါ့ရင်ထဲကအချစ်တွေကိုတော့

တားဆီးလို့ရမှာမဟုတ်ပါဘူး။