As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Sunday, May 9, 2010

အိုပယ်


@@ ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။

@@ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သောအခါ၊ အင်္ကျီ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ
ငါ့ ကိုမရွံပါနဲ့!
>> ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

@@ အပ်ကြောင်းထပ်မက ပြောဖူးခဲ့တဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
>> ငယ်ငယ်တုန်းက အိပ်ရာ ၀င်တိုင်း တစ်ထောင့် တစ်ည ပုံပြင်တွေ၊ ငါးရာငါးဆယ် နိပါတ်တော်တွေ၊ ဇတ်ကြီး ဆယ်ဘွဲ့
တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင် ငါချော့တိတ်ခဲ့တာတွေကို သတိရပေးပါ။

@@ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။
>> ငယ်ငယ်တုန်းက ချော့တလှည့် ခြောက်တလှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

@@ ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။
>> ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

@@ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။
>> လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

@@ တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနှင့်။
>> နားလည်ပေးပါ။ အားပေးပါ။

@@ အရင်တုန်းက လူ့ဘ၀ တက်လှမ်းအတွက် ငါလမ်းညွှန်ပေးခဲ့သလို။
>> အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။

@@ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။
@@ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။ ^^)


မိဘ ဘိုးဘွားများကို စောင့်ရှောက်ခွင့် ရပြီး ကျေနပ် နှစ်သိမ့် နိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလျက်။