As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Tuesday, May 4, 2010

.ဧပရယ် နွေအပူအောက်မှာ

.ဧပရယ် နွေအပူအောက်မှာ
တကယ်ကြေကြွေ ဆူလောက်အောင်
တစ်ယောက်လူမှာ ပူဝေစွာခံစား
ပြင်းထန်စွာ
ဲငြင်းဆန်သူရေ
နင်းကန်သွားတဲ့
မင်းနှလုံးသားမှာ
အမုန်းများ ရာနှုန်းတစ်ရာနဲ့
အရှုံးသမား ငါမပြုံးသာအောင်
စကားလုံးများ မာယာအထွေထွေနဲ့
အခါခါသုံးကာ လှည့်စား
နာကျင်ခြင်းတွေ ထားခဲ့ကာ
ကမ္ဘာအဝေး တစ်ခြမ်းကို
အသာပြေးလှမ်းသူ မေ
ပျော်ရှာနေလေပေါ့
လွမ်းဘ၀ ဘယ်မပြေ
လွမ်း တမြမြ
လွမ်းရ ဆယ်နွေ ၊ လွမ်းရ ဆယ်နေ ။

ဧပရယ်ဖူးဆိုတာ
မသွေ မြူးစရာ
အပျော်ပါတဲ့
မေ့အမြင်မှာတော့ အပျင်းပြေကစားစရာ
မောင်ရင့်မှာ တော့ အတွင်းကြေများသာ ။

ဧပရယ် နွေတစ်ရက်မှာ
US ကို သူထွက်ခွာသွားခဲ့
အပူခက်စွာ ဝေဒနာများကို
ချန်ခဲ့တဲ့မေရယ်
ကျန်ခဲံတဲ့ မောင်မှာလေ
စူးရှဒါဏ်ရာများစွာနဲ့
လွမ်းရခါခါ လွမ်းဘ၀နာဆဲလေ ။

ဧပရယ် သင်္ကြန်တစ်ခုမှာ
ပိတောက်ဝါတွေ မပွင့်ခဲ့ပါလေ
တစ်ယောက်မှာသာ အချစ်ရဲ့မီးတွေက
တညီးညီးတောက်လို့ဆူ
ပူတယ်လေ ဆယ်နေကဲ
တမ်းတနေ နွမ်းလျနေဆဲ
လွမ်းဘ၀က မပြေဆဲပါ ။

ဧပရယ်သင်္ကြန်ဟာ
အဖော်သဟာ ဘော်ဒါတွေနဲ့
ပျော်စရာပါပေါ့
အဖော်မဲ့လို့ မပျော်တဲံသူ
မောင်တစ်ယောက်သာ
သောကဝေဆဲ
မောလျနေဆဲ
အလွမ်းတွေရ လွမ်းဘ၀နဲ့
တမ်းတနေဆဲ
အလွမ်းတွေမပြီး
အလွမ်းနွေခရီးမှာ
တစ်ယောက် ထီးထီး
လျှောက်ပြီးရင်သာ
ဆက်လှမ်းနေဆဲ
ဧပရယ် နွေအပူအောက်မှာ့ ။ ။

ကဗျာတွေ ကို ချစ်တတ်လာခဲ့တဲ့ ကျွန်မ..ဒီကဗျာ လေးကို လက်ဆောင် ရတော့...သတိရ လွမ်းချင်းလေး တစ်ယောက်သော သူအတွက် တိုက်ဆိုင်မှာပဲ ဆိုပြီး သိမ်းထားမိချင်တာနဲ့..ကူးပြောင်းမှတ်တမ်းတင်အပ်ပါသည်။...