
တားဆီးမရတဲ့အရာ
မပူပါနဲ့နေမင်းကြီးရယ်
နေပူရင်င့ါရင်တွေပူလို့ပါ
မသာပါနဲ့လမင်းရယ်
လသာရင်ငါ့မာနတွေ
ပျောက်ကုန်မှာစိုးလို့ပါ
မညိုပါနဲ့တိမ်တွေရယ်
တိမ်ညိုရင်ငါငိုချင်လို့ပါ
မရွာပါနဲ့မိုးရယ်
မိုးရွာရင်အတိတ်ကအရာတွေ
ပြန်သတိရမှာစိုးလို့ပါ
ဒါပင်မဲ့.........
နေကိုမပူပါနဲ့
လကိုမသာပါနဲ့
ိတိမ်ကိုမညိုပါနဲ့
မိုးကိုမရွာပါနဲ့တားလို့ရခဲ့ရင်တောင်
ငါ့ရင်ထဲကအချစ်တွေကိုတော့
တားဆီးလို့ရမှာမဟုတ်ပါဘူး။