As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Tuesday, May 4, 2010

တမ်းတခွင့်လေး

နင်ကပဲ ချစ်တတ်ခဲ့တာလား ………?
ငါကပဲချစ်စရာကောင်းခဲ့တာလား ……..?
ဖြေစရာမှ မလိုခဲ့ပဲချစ်သူရယ် …………
ရင်ခုန်သံတိုင်း နင်အပိုင်ရလို့
စိတ်ကူးတွေတိုင်း နင်စိုးမိုးခဲ့တယ်
……………
အသက်ရူတိုင်း ကိုယ်သင်းနံလေး
ငါသတိရလို့ပြန်လိုချင်တယ် ခဏခဏလေ
ငါ့ခြေလှမ်းတိုင်း နင့်အရိပ်ပါလို့
ငါအနာဂတ်လည်း နင့်နာမည်ထွက်တယ်
အရမ်းချစ်တယ် ငါ့ချစ်သူရယ်
ထားခဲ့မလား ? ကျန်ခဲ့မလား ?
မေ့သွားမလား ? လွမ်းနေမှာလား ?
အတွေးတွေနဲ့ သွေးပျက်ခဲ့တဲ့
ညတွေအကြောင်း နင်သိပါ့မလား
တယောက်ထဲရှိတိုင်းသတိရတတ်လို့
အလွမ်းသီချင်းတွေ နားမထောင်ရဲခဲ့တာကော
နင်သိပါ့မလား…………
အထီးကျန်နေသူတယောက်ရဲ့ ဘဝကိုရော

နင်သိပါ့မလား…………
မေးခွန်းတွေနဲ. ငါပျော်ပါတယ်
ကလေးတယောက်လို ပူဆာခွင့်သာရှိခဲ့ရင်
မျက်ရည်တွေသွင်သွင်ကျလို့
ငိုပြလိုက်ချင်တယ် …………
တမ်းတခွင့်လေးပေါ့ ~~~~!

One of My Present Poem ^^..,
Thanks u