As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Friday, September 11, 2009

ဘ၀မီးပွိုင့်မိတဲ့အခါ (2)


ဘ၀မီးပွိုင့်မိတဲ့အခါ (2)
(radium)
Uploaded by : RADIUM
Hits - 341
Uploaded Date : Aug 12, 09
ကျနော်တို့သွားနေကြတဲံ ဘ၀ခရီးလမ်းမှာ တခါတခါ ဆက်သွားလို့မရအောင် အတားအဆီး အပိတ်အဆို့နဲ့ ကြုံကြရတဲ့အခါ ကျော်ဖြတ်သွားပါ။ ကျော်ဖြတ်လို့ မရနိုင်တဲ့ အနေအထားမျိုး ဆိုရင် ကွေ့ပတ်သွားပါ။ မျှော်လင့်ချက်မဲ့စွာနဲ့ စိတ်ဓာတ်ကျစွာ ရေစုန်မျောသလို မဖြစ်ပါစေနဲ့လို့ ဒေါက်တာမတင်ဝင်းက ဆုံးမထားပါတယ်။ သူကိုယ်တိုင်လည်းပါရဂူဘွဲ့ ရပြီး မကြာခင်သာ ပါမောက္ခဖြစ်ခဲ့မယ်ဆိုရင် စာရေးဆရာဖြစ်လာမှာ မဟုတ်ပါဘူးတဲံ။ သူများသတ်မှတ်ပေးမှ ကိုယ်တော်ကြောင်း ပြနိုင်မှာလား?၊ မိမိဘာသာကော ကြိုးစားလို့မရဘူးလား ?ဆိုတဲ့ အတွေးမျိုးထား ခဲ့လို့ ဒီနေ့ ဒေါက်တာမတင်ဝင်းဆိုပြီး စာရေးဆရာမ ဖြစ်ခဲ့တာပါ။ ဒီနည်းနဲ့မရရင် အခြားနည်း တစ်ခုနဲ့ မိမိခွန်အား၊ မိမိပညာ၊ မိမိအချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ဖို့ပဲ လိုအပ်ပါတယ်။ ဒီစာလေးကိုဖတ်ပြီး ကျနော့်သူငယ်ချင်းလည်း စိတ်ဓာတ်ခွန်အားတွေ ရရှိပါစေလို့ ဆုတောင်း ပါတယ်။ ဒီတစ်ခုမှာ အဆင်မပြေပေမယ့် အခြားတစ်ခုမှာ ကိုယ့်အတွက် အဆင်ပြေမယ့် အရာတွေ အများကြီးရှိတယ်ဆိုတာ သိစေချင်ပါတယ်။ အဓိကက မိမိကိုယ်မိမိ ယုံကြည်နေဖို့ပါပဲ။ အခက်အခဲတစ်ခုနဲ့ ကြုံလာတိုင်း စိတ်မပျက်ဘဲ မိမိအတွက် အင်အားတစ်ခုအဖြစ် ပြောင်းလဲတတ်ရမယ်။ ဘယ်လိုအဆိုးတွေနဲ့ပဲ ကြုံရကြုံရ စိတ်ဓာတ်မယိုင်လဲဘဲ စိတ်အပင်ပန်းမခံဘဲ ဖြတ်ကျော်နိုင်တဲ့ ရင်ဆိုင်နိုင်တဲ့သတ္တိတွေ မွေးရင်း အချိန်ကောင်းတစ်ခုကို စောင့်ကြရအောင်နော်။ ။ ။

No comments:

Post a Comment

Thanks for ur Attention!