As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Friday, September 25, 2009

ဗုဒ္ဓဘာသာဟူသည်

ဗုဒ္ဓဘာသာဟူသည်


ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာက စကား၊ နှစ်ခုပေါင်းတော့ ဗုဒ္ဓဘာသာ ဆိုတာ ဘုရား စကား ။ ဘုရားရှင် လေးဆယ့်ငါးနှစ်တိုင်တိုင် ဟောကြားခဲ့၊ ဆုံးမခဲ့သော ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဟူသော ပိဋိကတ်သုံးပုံသည် စင်စစ်အားဖြင့် ဗုဒ္ဓဘာသာ ဖြစ်သည်။
ပိဋိကတ်သုံးပုံးကို အနှစ်ချုပ်လိုက်လျှင်တော့ မကောင်းမှုဟူသမျှ မပြုလုပ်နှင့် ရှောင်ပါ။ ကောင်းမှုဟူသမျှ ပြုလုပ်ပါ။ မိမိစိတ်ကို ဖြုစင်သန့်ရှင်းအောင်ထားပါ ဟူသော သုံးချက်သာဖြစ် သည်။ ယင်း အဆုံးအမတော်သုံးချက်ကို လိုက်နာကျင့်ကြံသူသည် ဗုဒ္ဓဘာသာဝင် (ဗုဒ္ဓဘာသာ) ဖြစ်သည်။
ဗုဒ္ဓဘာသာကို မူကြိုအဆင့်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဟူ ၍ လေးဆင့်သတ်မှတ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ထေရဝါဒ နှင့်မသက်ဆိုင်သော ဗေဒင်၊ ဓာတ်၊ ယတြာ၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ ရက်ရာဇာ၊ ပြဿဒါး အစရှိသည်များကို အလေးထားသော ဗုဒ္ဓဘာသာသည် မူကြိုအဆင့်မျှသာရှိသည်။
ကမ္မဿကတာ သမ္မာဒိဠိနှင့် ပြည့်စုံ၍ ရတနာမြတ်သုံးပါး၊ ကံနှင့် ကံအကျိုးတရားကိုသာ အလေးထားသော ဗုဒ္ဓဘာသာသည် မူလတန်းဗုဒ္ဓဘာသာဖြစ်သည်။ ဒါနကုသိုလ်၊သီလကုသိုလ်မျှ နှင့်အားရ ကျေနပ်မနေဘဲ ဘာဝနာအဆင့်သို့ ကူး၍ ဝိပဿနာတရားဓမ္မ ကြိုးစားအားထုတ်သဖြင့် ရုပ်နာမ်ကွဲ၊ ဖြစ်ပျက်မြင်၊ အနိစ္စ ဒုက္ခ အနတ္တ ထင်သော ဗုဒ္ဓဘာသာသည် အလယ်တန်းဗုဒ္ဓဘာသာ ဖြစ်သည်။
တရားဓမ္မကို ကြိုးစားအားထုတ်၊ သီလ၊ သမာဓိ၊ ပညာတွေ ပြည့်စုံ၍ ဝိပဿနာဥာဏ် ရင့်သန်အားကောင်းသဖြင့် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရရှိသွားသော ဗုဒ္ဓဘာသာသည် အထက်တန်း ဗုဒ္ဓဘာသာဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာတို့အနေနှင့် မိမိဘယ်အဆင့်၊ ဘယ်အတန်း ရောက် ပြီလဲဆိုတာ ချိန်ထိုးကြည့်နိုင်သည်။ အတန်းတက်ချင်လျှင်တော့ စာကျက်မှဖြစ်မည်၊ လက်ရှိအတန်းအောင်အောင်လုပ်မှဖြစ်မည်။

အရှင်သံဝရာလင်္ကာရ ဓမ္မပိယဆရာတော်


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

No comments:

Post a Comment

Thanks for ur Attention!