စိတ်ရှင်း
စိတ်ဆိုတာ ရှင်းလင်းနေမှ ချမ်းမြေ့တတ်လေရဲ့။ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့အခါ လူကိုယ်ခန္ဓာမှာလည်း လန်းဆင်းကြည်လင်မှုတွေ ကင်းမဲ့နေတတ်တယ်. . . ဒါကြောင့် စိတ်ကိုရှင်းအောင်ထားတတ်ဖို့လည်း လိုအပ်ပါတယ် . .စိတ်ကို မရှင်းလင်းအောင် ပြုမူတတ်သူဟာ သံသယဖြစ်တယ် . . . သံသယ ဟာ ယုံကြည်မှုတွေကို ရိုက်ချိုးပြီး မေတ္တာတရားကို လည်း ဖျက်ဆီးပစ်တတ်တယ် . . .
ဒီတော့ သံသယကို စိတ်ထဲမှာ ကြာရှည် သိမ်းဆည်းထားတာမကောင်းပါဘူး . . သံသယရှိတဲ့ အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မေးမြန်းကြရမယ် . . . မြုံထားတဲ့ အကျင့်ကို ရှောင်ကြရမယ်. . . စူးစမ်းလေ့လာကြရပါတယ် . . ပြီးတော့ အလျင်အမြန် ဖြေရှင်းကြရမယ် . . ရှက်ရွံ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ အားနားခြင်းဆိုတာတွေကို စိတ်ထဲမှာ မွေးမြူမထားသင့်ပါဘူး မသိရင်မေး မစင်ရင် ဆေးကြရပါမယ်. . .
စိတ်ထဲမှာ အစိုင်အခဲအဖြစ် ကြာရှည်အောင် ထားတဲ့အခါ စိတ်လေးလံနေမှာ အမှန်ပဲ. . တစ်စတစ်စ ရင့်မှည့်လာတဲ့အခါ ပေါက်ကွဲထက်တဲ့ အသီးလိုပဲ . . တဖြည်းဖြည်း ကြီးမားလာတဲ့ သံသယစိတ်ဟာ တစ်ချိန်မှာ ပေါက်ကွဲလာပြီး မိမိကိုယ်ပါ အထိနာရစေပါတယ် . .
ဒါကြောင့် စိတ်ကို ရှင်းနိုင်သမျှ ရှင်းအောင် မွေးမြူကြရပါမယ် . . စိတ်ကို ရှုပ်ထွေးစေမည့် ချည်နှောင်မှုမှန်သမျှကို ဆန့်ကျင်ကြရပါမယ်. . စိတ်ထဲရှင်းလင်းအောင်.စိတ်ကို အချည်မခံပါနဲ့ . .
ဖြိုးသာရ (စိတ်)
စိတ်ရှင်းလင်းစွာနဲ့ အေးချမ်းတဲ့ စိတ်ထားပိုင်ရှင်များဖြစ်ပါစေ..
အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
No comments:
Post a Comment
Thanks for ur Attention!