အောင်မြင့်မှုနှင့်ပျော်ရွင်မှု
အောင်မြင်မှုနှင့် ပျော်ရွှင်မှုသည် တစ်ခုနှင့်တစ်ခု မတူညီပါ. . .
အောင်မြင်မှုဟူသည်. . မိမိရယူချင်သော အရာတစ်ခုခုကို ကြိုးပမ်းစွမ်းဆောင်ပြီး ရအောင်ယူနိုင်ခြင်းပင်ဖြစ်သည်. .
ပျော်ရွှင်မှုဟူသည် . . မိမိရရှိထားသော အရာတစ်ခုခုကို ကြိုက်နှစ်သက်ခြင်းပင်ဖြစ်သည်. . . မိမိလိုချင်သောအရာကို မရပါက မအောင်မြင်မှု. . . မိမိရရှိနေသောအရာကို မနှစ်သက်ပါက မပျော်ရွှင်မှု. . .
အောင်မြင်အောင် ကြိုးစားရပါမည်. . . အားထုတ်မှုရှိမှသာ အောင်မြင်နိုင်ပါသည်. . .
ပျော်ရွှင်အောင်လည်း မိမိကိုယ်တိုင်ယောနိသော မနဿီကာယ သဘောထားရှိတတ်ရသည်. . . နေရသော မြို့ကိုမကြိုက်၊ နေရသော ရပ်ကွက်ကိုသဘောမကျ၊ နေရသော အိမ်ကို မနှစ်သက် နေရသော အခန်းကို မလိုချင် . . အလိုမကျမှုတွေဖြစ်ပေါ်နေခြင်းသည် . . မြို့၏ အပြစ်မဟုတ်. . . မိမိကိုယ်ကို ပြုပြင်ခြင်းဖြင့်သာလျှင် ဘ၀သည် သာယာပျော်ရွှင်နိုင်ပါသည်. . .
ဖြစ်ရာဘ၀၊ ကျရာနေရာ၊ ရောက်လာသည့် အခြေအနေမှာ အထိုက် အလျှောက် အဆင်ပြေအောင် ညှိယူနိုင်ပါမှ ပျော်ရွှင်မှုကို ရပါမည်.. . . ရောင့်ရဲကျေနပ်၍ ရပ်တည်နေရန်မဟုတ်သော်လည်း . . ငြိုင်ြငြူစူနေသဖြင့် စိတ်ဆင်းရဲနေရုံမှအပ အကျိုးမရှိလှပေ. . .
ပျော်ရွှင်အောင်လည်း နေတတ်ရပါမည်. . .
ချစ်နိုင်(စိတ်ပညာ) (လူငယ်များသို့)
အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
No comments:
Post a Comment
Thanks for ur Attention!