As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Friday, September 11, 2009

ပုံမှန်အလွမ်းများ

ပုံမှန်အလွမ်းများ
(ပိုးဥ)
အစကတည်းက မလှပတဲ့ ဇာတ်သိမ်းကိုကြိုသိခဲ့ရင် နှလုံးသားကို အလိုမလိုက်ခဲ့ ပါ ဘူး။ချစ်တတ်ကြသူတိုင်းဟာ “ပျော်ရွှင်စွာ ပေါင်းစည်းကြလေသတည်း”ဆိုတဲ့ ဇာတ်သိမ်းမျိုး ကိုတော့ တောင့်တတတ်ကြစမြဲပဲလေ..။ဒါပေမယ့် အချစ်ရယ်..။ဝေးကွာခြင်းဆိုတဲ့ ရလဒ်တစ် ခုသာအလိုမတူပဲ ပိုင်ဆိုင်ခဲ့ရတယ်..။ဘာ့ကြောင့်များ မာယာတွေကို သယ်ပိုးထားရတာလဲ အချစ်ရယ်..။ ရင်ငွေ့နဲ့သွန်းတဲ့ အချစ်တစ်ခုမှာ အဆိပ်တွေပါဝင်နေမှန်း ရင်ဘတ်တစ်ခုလုံး ကြေမွသွားမှပဲ သိလိုက်ရတယ်..။ ဒါပေမယ့်လည်းကြိုးစားဖြေသိမ့်ခဲ့ပါတယ်.။ မပြည့်စုံမှုတွေ သာ ပြည့်စုံနေတဲ့ဘ၀မှာ အချစ်တစ်ခု အလွယ်တကူ ပျောက်ဆုံးသွားခြင်းအတွက် ထူးဆန်းးပြီး နာကျင်နေဖို့မသင့်တော့ပါဘူးလို့ပေါ့။ ဘ၀က ထင်ထားတာထက်နိမ့်ပါးတယ်..။ ရုပ်ရှင်တွေထဲကလို ချစ်သူအတွက် မျက်ရည်တွေကျပြီး အနစ်နာခံ စွန့်လွှတ်ခဲ့တာ မဟုတ်ပေ မယ့် ချစ်သူရွေးချယ်သွားတဲ့လမ်းအတွက် အယူခံမ၀င်ခဲ့တာ ချစ်သူအတွက်ပေးဆပ်မှု သက်သက်ပါ..။ တည်ငြိမ်လွန်းလှတာမဟုတ်ဘူးနော်..။ ဒီလိုဇာတ်ကွက်မျိုးအတွက် ကြိုတင်

ပြင်ဆင်မထားခဲ့တာ အမှန်ပါ.။



ပြန်ဆုံနိုင်ဖို့ဆိုတာ မဖြစ်နိုင်ရူးသွပ်မှုတစ်ခုလို့ ရာသက်ပန် သတ်မှတ်ထားပေမယ့် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာက ချစ်သူရဲ့ အရိပ်လေးကို တိတ်တဆိတ် မျှော်လင့်နေ သေးတာကိုတော့ ကျွန်မကို ကျွန်မပဲသိတယ်..။ဝေးကွာခြင်းတရားနဲ့ မေ့ပျောက်ခြင်းတရား ဘာကြောင့်များ ထပ်တူမကျခဲ့ရတာပါလဲ။ မေ့မရမဲ့အတူ မေ့ပစ်ဖို့လည်းမကြိုးစားတော့ပါဘူး။ သွားနေတဲ့ လမ်းအလျှောက်မှာ တမ်းတခြင်းတွေ စိုစွတ်နေပေမယ့် ခုလိုဘ၀မျိုးမှာ အလွမ်းရှိ ရုံနဲ့ လုံလောက်တတ်နေပါပြီ..။ဒါပေမယ့် ဘယ်နေရာ ဘယ်ဘ၀ရောက်ရောက် အလွတ်ရ နေတဲ့ မျက်ဝန်းတစ်စုံရယ် ၊ ဟိုအရင်အချိန်က လိုက်လံမှတ်သားဖူးခဲ့တဲ့ နှုတ်ခမ်းတစ်စုံရဲ့ အဖွင့်အပိတ်လေးတွေရယ်၊ ကြည်ကြည်စင်စင် ပြုံးတတ်တဲ့ အပြုံးလေးတစ်ခုရယ်၊ နှလုံးသားရဲ့ အနီးဆုံးက ရင်ခွင်ပိုက် အယ်လ်ဘမ်လေးရယ်…၊ ဒါတွေကိုသိမ်းထုတ်ပြီးမှသွားတတ်တာ ကျွန်မရဲ့ အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ…။



ခဏတာရွှေရည်စိမ်အိမ်မက်လေးတွေကို မက်မောမိ၊ သာယာမိပေမယ့် ကိုယ့်ဘ၀ ကို ကိုယ်ပြန်ကြည့်မိတဲ့အခါ ချစ်သူ့နာမည်လေးကိုတောင် ရေရွတ်ဖို့တောင် မထိုက်တန်တော့ သလို ။ ပုံပြင်ထဲက စင်ဒရဲလားလေးလိုပေါ့။ တစ်ညတာသာ တွဲကခဲ့ရပေမယ့် အဲ့ဒီ့တစ်ည လေးထက်ပိုပြီး မမက်မောရဲသလိုပါပဲ။ ကျွန်မလည်းခဏတာချစ်ခဲ့ရပေမယ့် ဒီထက်ဘာကိုမှ မမျှော်လင့်ရဲခဲ့ပါဘူး။နှလုံးသားရဲ့ လိုအင်ဆန္ဒကို မျက်ကွယ်ပြုရက်ပေမယ့် နှောင်ငြိမိတဲ့ သံယောဇဉ်အတွက် နောက်ဆံငင်မိသေးတယ်..။ပြီးပါပြီလို့ စာတန်းထိုးမှတော့ ဘာကို ဆက် လက်မျှော်လင့်နေရဦးမှာလဲ။ ချစ်သူကတစ်ခန်းရပ်ခဲ့တဲ့ ဇာတ်လမ်းကို ဘယ်လိုစွမ်းအားမျိုးနဲ့ ရှေ့ဆက်ဝံ့မှာလဲကွယ်.။ချစ်သူရဲ့ မျက်နှာကိုတောင်မြင်ခွင့်မရတဲ့ဘ၀၊ ချစ်သူရဲ့ အသံလေး ကို တောင် ကြားခွင့်မရှိတဲ့ဘ၀မှာ ကိုယ့်ကိုကိုယ် နာကျင်မှုတွေနဲ့ပဲ ပိတ်လှောင်ထားရတယ်…။

ကျွန်မဟာ ချစ်သူကို ကိုယ့် အတ္တထက်ပိုချစ်ခဲ့တာပါ။ဝေးကွာခြင်းအတွက် ခံနိုင် ရည်ရှိလိမ့်မယ် ထင်ခဲ့ပေမယ့် တကယ်တမ်းရင်ဆိုင်ရတဲ့အခါ နှလုံးသားက ထင်ထားတာထက် နုနယ်တယ်။မတူညီတဲ့ အဆင့်အတန်းနှစ်ခု ၊ ခံစားမှုမတူညီတဲ့ နှလုံးသားနှစ်ခု………………. ..

အရမ်းကိုဝေးလွန်းကြပါတယ်……..။

အရမ်းကိုဝေးလွန်းကြပါတယ်…………………….။



ကျွန်မရင်ဘတ်ပေါ်မှာ ပြာလဲ့နေအောင်ရေးချင်တာက ချစ်သူရဲ့ နာမည်တစ်ခု.

…………………………………………….လွမ်းတယ်ချစ်သူ…………………………………………..

လက်ချင်းမြဲမြဲတွဲခဲ့ဘူးတဲ့ ရင်ခုန်သံ ရက်စွဲတွေရယ်

မမောနိုင်မပန်းနိုင်လျှောက်ခဲ့ဘူးတဲ့ အဓိပတိလမ်းမကြီးရယ်

သွားနေကျ ကဲန်တင်းလေးရယ်၊ ထိုင်နေကျ RC လေးရယ်

မှီတွယ်နေကျ ပခုံးတစ်ဖက်၇ယ်

ခိုဝင်နေကျ လှပသေသပ်တဲ့ရင်ခွင်တစ်ခုရဲ့ နွေးထွေးဆွတ်ပျံတဲ့ရနံ့

… အားလုံးဟာတမ်းတစရာချည်းပါပဲ……

ကျွန်မလေ ချစ်သူရဲ့ကိုယ်သင်းနဲ့ကို လွမ်းတယ်။Charli Silver နံ့ရရင်ချစ်သူကိုတမ်းတတယ်။

ထိုင်နေကျနေရာလေးရောက်ရင် ချစ်သူကို တမ်းတမ်းမက်မက် သတိရတယ်။

အချိန်ကြာလာတာနဲ့အမျှ အလွမ်းတွေသာရင့်ရင့်လာတယ်။ ချစ်သူရဲ့တွဲလက်တွေကတော့ ပြောင်းပြီးရင်း ပြောင်းရင်းပေါ့။ ချစ်သူရှိရာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကြီးက အရှုံးပေါင်းစုံနဲ့ ငါထွက်ပြေးခဲ့ပါတယ်။ ဒဂုံတက္ကသိုလ်ကြီးဟာ ခမ်းနားလွန်းပေမယ့် ကျွန်မရင်ထဲက အလွမ်းတွေကိုတော့ မလျှော့ပါးစေနိုင်ပါဘူး။

ချစ်သူနဲ့သွားခဲ့တဲ့ နေရာလေးတွေကိုခဏခဏသွား ၊ ချစ်သူ့ဓါတ်ပုံလေးကိုထုတ်ကြည့်ရင်း ကျွန်မ မနက်ဖြန်တွေအဓိပယ်ရှိပေါင်းများပြီ။

ခပ်ဝေးဝေးမှာပဲ စိမ်းလန်းနေပါတော့

ဒီမှာတော့ အလွမ်းတွေနဲ့ နွမ်းခြောက်သေဆုံးခဲ့ရပေါ့

ပြိုကျသွားတဲ့ အိမ်မက်တစ်ခုကို

ပြန်တည်ဆောက်ဖို့ မကြိုးစားတော့ပါဘူး

မရှိခြင်းတွေသာရှိတော့တဲ့ဘ၀မှာ

ပေးခဲ့ဘူးတဲ့အချစ်တစ်ခုအတွက်

ချစ်သူကိုကျေးဇူးတင်တယ်..။



ချစ်သူကိုကျွန်မအတ္တထက် ပိုချစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအပေါ် ခံစားချက် မရှိတော့တဲ့ နှလုံးသားကို ဘယ်နည်းနဲ့မှ ပြန်လည်မသိမ်းသွင်းတော့ပါဘူး။ အဲ့ဒါကျွန်မလို မိန်းမတစ်ယောက်ရဲ့ မရှိမာနပဲ..။ခြားနားခြင်းတွေ၊မသိကိန်းတွေ ပြည့်နှက်နေတဲ့ ပုစ္ဆာတစ်ပုဒ်ကို ကျွန်မဆက်မဖြေရှင်းချင်တော့ပါဘူးကွယ်။ အဆိပ်ကို အဆိပ်နဲ့ပြန်ဖြေဖို့

အထိတော့ ကျွန်မ သတ္တိမရှိပါဘူး။



ကျွန်မကတော့ သွားခဲ့ဖူးတဲ့နေရာတွေရောက်တိုင်းချစ်သူကိုသတိရမယ်။ လွမ်းလွန်းမက လွမ်းတဲ့အခါ ကဗျာလေးတွေရေးမယ်။ ချစ်သူမွေးနေ့(10.4.)ကိုရောက်တိုင်း Happy Birthday လို့တိတ်တဆိတ် ဆုတောင်းပေးမယ်။ ဒါဟာ ကျွန်မရဲ့ ပုံမှန် အလွမ်းတွေ ပါပဲ….။



ချစ်သူဟာ အမှတ်တမဲ့ ကျွန်မနှလုံးသားကို ခလုတ်တိုက်မိတာပါ…။ ကျွန်မကတော့ ခလုတ်တိုက်သွားတဲ့ အဲ့ဒီ့ ခြေထောက်လေးကိုပဲ ကျေကျေနပ်နပ် လွမ်းမယ်။

အဲ့ဒါကျွန်မတစ်ယောက်တည်းတိုင်တည်ထားတဲ့ သစ္စာပါပဲ…..
Untitled
မင်္ဂလာပါ
အရမ်းကောင်းပါတယ်
commented by : aungthuwin123 | posted date : 09/09/2009
ညီမလေးရေ ..မင်္ဂလာပါ ..
ညီမလေး ပိုးဥ ရေ ..ကိုမိုးညိုနှုတ်ဆက်ပါတယ် မင်္ဂလာပါ ..
ညီမလေး စာရေးတော်တော်ကောင်းလာတာပဲ ...
အရမ်းကောင်းပါတယ် ...။
ဒီလို ခံစားချက်ရင်တွင်းဖြစ်လေးတွေ များများရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် .. .

(မိုးညို)
commented by : moengyo | posted date : 04/09/2009
Unknown
အရမ်းကောင်းပါတယ်....မိန်းမတွေက ယောင်္ကျားတွေထက်ပိုချစ်နိုင်တယ် နော်...အရေးအသားလည်းအရမ်းကောင်းတော့ ရင်ကိုထိတယ်....
အမြဲအားပေးနေပါ့မယ်....
commented by : noyar | posted date : 02/09/2009
လာဖတ်သွားပါတယ်
သူငယ်ချင်းဆက်ကြိုးစားပါ။ ကောင်းပါတယ်။
commented by : LuGyi | posted date : 27/08/2009

No comments:

Post a Comment

Thanks for ur Attention!