ယုံမိတဲ့အမှား
ဝံပုလွေတစ်ကောင်ဟာ သိုးအုပ်နောက်က လိုက်နေတာပေါ့. . . ဒါပေမယ့် သိုးတွေကို အန္တာရယ် မပြုဘူးတဲ့ . .ပထမတော့ သိုးထိန်းဟာ သူဟာသိုးတွေကို ရန်ပြုမယ့်ကောင်လားလို့ စိုးရိမ် သတိထားနေရတယ်. . .
ဝံပုလွေက သိုးတွေနောက်က အမြဲလိုက်နေတယ်. . သူတို့ကိုလည်း အန္တာရယ် နည်းနည်းမှ မပြုဘူး ဒါကြောင့် ကြာလာတော့ သိုးထိန်းက ၀ံပုလွေကို ယုံစားသွားတယ်. .
"ဒီဝံပုလွေဟာ သိုးတွေကို ကိုက်မစားဘူး . . . င့ါသိုးတွေကို သူ ကူညီထိန်းကျောင်းပေးနေတာပဲ. . . ."
ဒီလိုနဲ့သိုးထိန်းဟာ မြို့ကို သွားရမယ့် ကိစ္စတစ်ခု ပေါ်လာပါရော . . . . သိုးထိန်းဟာ ၀ံပုလွေကို သိုးတွေနဲ့ စိတ်ချလက်ချ အပ်ခဲ့တာပေါ့ . . .
ဝံပုလွေဟာ သူ့အခွင့်အရေးကို လက်လွတ်မခံပါဘူး . . . သူ့လက်ချက်ကြောင့် သိုးတွေအတော်များများ သေဆုံးကုန်တယ် . . . သူကစားပစ်တာကိုး . . . သိုးထိန်းပြန်ရောက်လာတဲ့အခါမှ သိုးတွေ ဆုံးရှူံးကုန်တာကို တွေ့ပြီး နောင်တရသွားရှာတယ်. . .
"သိုးအုပ်ကို ထိန်းကျောင်းဖို့ ၀ံပုလွေအပေါ် ယုံစားမိခဲ့တာ ငါ ကိုယ်ကျိုးနည်းပါရောလား. . . "တဲ့
(လူတွေလည်း ဒီလိုအဖြစ်မျိုး ကြုံရတတ်တယ်ကွယ့်. . ကိုယ့်ရဲ့ အဖိုးတန် ဥစ္စာတွေကို အလွဲသုံးစားပြုသူထံမှာ ပုံအပ်မိလို့ အလိမ်အညာခံပြီး ဆုံးရှူံးကြရတယ်. . . အကြံသမားဟာ ယုံကြည်အောင်လုပ်စမြဲပဲ)
အီစွတ်ပုံပြင်များ
အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
No comments:
Post a Comment
Thanks for ur Attention!