As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Thursday, September 10, 2009

ပြန်လာခဲ့ပါ အချစ်ရယ်......

ပြန်လာခဲ့ပါ အချစ်ရယ်......
ချစ်လေးရေးးးးးးးး>
င့ါတိုင်းပြည်လေးမှာ
>
> ပြန်လာခဲ့ပါ အချစ်ရယ်
> ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
> ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်
>
> ပြန်လာခဲ့ပါ အချစ်ရယ်
> ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
> လမ်းဘေးက ရေအိုးစင်တွေမှာ
> ရေအပြည့်ရှိနေတက်ပါတယ် ။
>
> ပြန်လာခဲ့ပါ အချစ်ရယ်
> ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
> ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်
>
> ပြန်လာခဲ့ပါ အချစ်ရယ်
> ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
> ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်
>
> မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
> ငါ မက်မောပါတယ်
> ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
> မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
> ကလေးက အစ " ဟလို " ဆိုတဲ့ အကြောင်းတွေ
> မင်းပြောပြတိုင်း ငါမက်မောပါတယ်
>
> ဒါပေမယ့်.....အချစ်ရယ်
> ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်
>
> ၀င်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
> ကာပူချီနိ ထက်
> အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
> အကြမ်းရေ ကို ငါပိုမက်မောတယ်
>
> မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
> မင်းသောက်နေချိန်မှာ
> ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်
>
> အသားညှပ်ပေါင်မုန့်ထက်
> ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
> ငါကျေနပ်တယ်
>
> ချဉ်ပေါင်နဲ့ ၀က်သား မလဲနိင်သလို
> ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
> ငါမလဲ နိင်ခဲ့ပါဘူး
>
> ဒါပါပဲ......ချစ်ရယ်
> နောက်ဆုံး
> ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
> " ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ် "

No comments:

Post a Comment

Thanks for ur Attention!