ကံအကောင်းဆုံး ကျွန်မ
ကံဆိုးခြင်း၊ ကံကောင်းခြင်းတွေ
ရောပြွမ်းနေတဲ့ လူဘုံဘဝ
ကံဆိုးခြင်းကို ပခုံးဖက်ကြီးပြင်းခဲ့ပြီး
ရှုံးနိမ့်ခြင်းတွေနဲ့ ပက်ပင်းတိုးခဲံ့ရတာ ဘ၀တစ်ခုလား
အောင်မြင်ခြင်းရယ်
နင် ဘယ်နားမှာများ နားခိုနေသလဲ
ကျရှုံးခြင်းရဲ့ သက်သေသာ မျက်ရည်ဖြစ်ခဲ့ရင်
ငါ နဲ့ နင်နဲ့ စစ်ထိုးပွဲမှာ ငါ့မျက်ရည်တွေက ငါ့သက်သေပေါ့
ငါ့သက်သေကြောင့် ပိုပြီးကျရှုံးစေခဲံ့တယ်
ငါပြောတာ သဘောမပေါက်ကြတာ ငါရဲ့ အောင်မြင်ခြင်းပဲ...
သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတတ်ကြတယ်
တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရတယ်
ပြုံးပြတိုင်း တန်ပြန်အပြုံကိုတော့ရမယ်မထင်နဲ့
ခနဲ့အပြုံးဆိုရင်တော့ အမုန်းကိုပဲရမယ်
အောင်နိုင်သူဆိုပီးတော့လဲ မဏ္ဍပ်တိုင်တက်ပြမနေနဲ့
တိုင်ကျိုးရင် ကိုယ်ပဲ ခံရခက်နေမယ်....
ငါပြောတာ နားမလည်ကြတာ ငါ့ရဲ့ ကံကောင်းခြင်းပဲ......
လူတွေငါ့ကိုနားမလည်လေလေ ငါ ကံကောင်းလေလေပဲ.....

No comments:
Post a Comment
Thanks for ur Attention!