ရေးသားသူ poemflower
Tuesday, August 25, 2009
နာမည်ကျော် ဂျာမာန်ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ
မိုးဇက်မင်ဒဲလ်ဇွန်း သည် အလွန်အရုပ်ဆိုး အကျည်းတန်သူတစ်ဥိးဖြစ်သည်. . .
လူက အရပ်ပုပြီး ကျောမှာ ဘုကြီးတစ်ဘု ရှိကာ ခါးကုန်းနေသည်. . .
တစ်နေ့တွင် ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူအလည်ရောက်ရှိသည်. . .
ကုန်သည်ကြီးမှာ ဖရွမ်တီယဲ အမည်ရှိ သမီးချော တစ်ယောက်ရှိသည်. . သူကလေးကို
မြင်တော့ မိုးဇက် အရူးအမူးချစ်မိသည်. . . သို့သော် ဖရွမ်တီယဲ အဖို့တော့
သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ. . .
မည်သို့ဖြစ်စေ ၊ ပြန်ကာနီး အချိန်မှာတော့ မိုးဇက် အားတင်းကာ အပေါ်ထပ်ရှိ
သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်. . . သူမ၏
ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ်ပမာ တင့်တယ် လွန်းလှသည်. .
မိုးဇက် မှာ ရင်ထဲကြေကွဲလျက်နှင့်ပင် သူအကြိမ်ကြိမ်ကြိုးစား၍ သူ့ရင်ထဲက
အကြောင်းကို ပြောရန် စကားစကြည့်သည်။ သို့သော် ဖရွမ်တီယဲ ကား သူ့ကို
မျက်လွှာတစ်ချက် ပင့်၍မကြည့်ပေ.
နောက်တော့ ရှက်ရွံ့စွာပင် မိုးဇက် က စကားတစ်ခွန်းဆိုသည်. .
"အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံကရွေးချယ်ပေးလိုက်
ဖြစ်ရတယ်ဆိုတဲ့ စကားကို ယုံပါသလား ဟု. . . . " ဖရွမ်တီယဲ အား မေးတော့ . .
."ယုံတယ် ရှင်ကောတဲ့. . . . " သူမက ခေါင်းငုံ့လျှက်ပင် ပြန်ပြောသည်. .
"ကိုယ်လည်း သိပ်ယုံကြည်တာပေါ့. . . . "ဟု မိုးဇက် က ဆိုသည်. . . "ဒီမှာ
ကို်ယ်ပြောပြမယ်. . . " ယောကျာ်းလေး တစ်ယောက် လူ့ပြည်ကို
မွေးဖွားရောက်ရှိတော့မယ့် အခါ တိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမယ့်
မိန်းကလေးဟာ ဘယ်သူဘယ်ဝါပဲလို့ ကြေညာပေးလေ့ရှိတယ် ". .
ကိုယ့်ကိုမွေးဖွားလာတဲ့ အချိန် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး
ဖန်ဆင်းရှင်ကပြောတယ်. .
"မင်းရဲ့ ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ်တဲ့.
. အဲဒီတော့ ကိုယ်ကပြောလိုက်တယ် . . . မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ
ဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲဝမ်းနည်းစရာပါ
ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ကိုယ်ထဲ
ထည့်ပေးလိုက်ပါ. . . သူ့ကို ချောမောလှပလှပတဲ့
မိန်းကလေးတစ်ယောက်ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ လို့ . . . "
ကိုယ်ပန်ကြားခဲ့တာပါ. . .
သည်စကားကိုကြားတော့ ဖရွမ်တီယဲ မျက်လွှာလေး ပင့်၍ကြည့်သည်. .
သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည်. . . မိုးဇက် ရုပ်သွင်ကို
ပြန်လည် အမှတ်ရသလိုမြင်လာသည်. . . မိုးဇက် ထံ သူမ၏လက်ကို ဆန့်တန်း၍
ပေးလိုက်သည်. . . ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင်ချစ်ခင် စုံမက်သည့်
ထာဝရ ကြင်ဖက်ဖြစ်သွားခဲ့လေသည်. . . .
ဖေမြင့်၊ Barry and Joyce Visselle (True Love)
အားလုံးကိုချစ်ခင်လေးစားလျှက်..
No comments:
Post a Comment
Thanks for ur Attention!