As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Thursday, September 10, 2009

ဝေးသွားတဲ့အခါ-------

ဝေးသွားတဲ့အခါ-------
ပိုင်ဆိုင်လိုခြင်း ကင်းခဲ့ပေမယ့်
အရာအားလုံး ဆုံးရှုံးသွားတဲ့အခါ
ရင်ခွင်မှာ လစ်ဟာသွားသလိုပဲ။
ပေးဆပ်ခြင်းနဲ့ ချစ်ခဲ့ပေမယ့်
ရုတ်တရက် အရှုံးပေးလိုက်ရတဲ့အခါ
နှလုံးသားမှာ စည်းချက်မရှိတော့သလိုပဲ။
မဆုံနိုင်မှန်းလည်း သိခဲ့ပေမယ့်
တကယ်တမ်း ဝေးရတဲ့အခါ
အိပ်မပျော်တဲ့ညတွေဟာ
ပိုမှောင်သွားသလိုပဲ။
ဒဏ်ရာဆိုတာ နာကျင်မှန်းသိခဲ့ပေမယ့်
ကိုယ်တိုင်ရင်ဆိုင်ရတဲ့အခါ
အလွမ်းတွေဟာ သိပ်ခါးသွားသလိုပဲ။ ။

cp:

No comments:

Post a Comment

Thanks for ur Attention!